myaelatt athan

Sharing Information to the Local

တပ်ထောက်ခံပွဲကို ” အိမ်ရှေ့ခွေဝဲစားတွေဟောင်လို့ ထွက်ကြည့်တာ”လို့ Tiktokတင်သူ ရိုက်နှက်ဖမ်းဆီးခံရ

0
0

မန္တလေး၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ကျုံးပတ်လည်မှာ လုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲကို ” အိမ်ရှေ့ခွေဝဲစားတွေဟောင်လို့ ထွက်ကြည့်တာ”လို့ Tiktok မှာတင်မိသူ ရိုက်နှက်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ခြမ်း ၆၆ လမ်းနဲ့ ၁၃ လမ်းထောင့်ကနေ စတင်ပြီး စစ်တပ်ထောက်ခံသူတွေက မြန်မာနိုင်ငံအရေး ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်ပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတဦးက ​ပြောပါတယ်။

မနက်က စကစ ထောက်ခံသူတွေက ဆန္ဒပြပွဲလုပ်တယ်။ အဲဒါကို Tiktok မှာ” အိမ်ရှေ့ခွေဝဲစားတွေဟောင်လို့ ထွက်ကြည့်တာ”လို့ ဥပုတ်တော် ၉ လမ်းနားမှာနေတဲ့ သူက တင်လိုက်တာ။ မကြာဘူး။ စကစ အဖွဲ့တွေရောက်လာပြီး ရိုက်နှက်ဖမ်းသွားတယ်”လို့ ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ကိုဖိုးသဲ ၄၀ နှစ်ကို စစ်ကောင်စီတပ်သားတွေက နေအိမ်ကို ရောက်လာပြီး ရိုက်နှစ်ဖမ်းဆီးကာ နန်းတွင်းစစ်​ကြောရေး ကိုခေါ်သွားကြတယ်လို့ သိရပါတယ်။

ဖမ်းဆီးရိုက်နှက်နေချိန်မှာလဲ စစ်ကောင်စီတပ်သားတွေက ကိုဖိုးသဲကို “ခွေးလိုဟောင်၊ အမေစုသားသမီးတွေ ဟောင်သလို ဟောင်”လို့ ပြောဆိုကာ ရိုက်နှက်နေတဲ့ ဗွီဒီယို ဖိုင်တစ်ခုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေကနေ တင်ထားတာတွေ့ရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။