စစ်အုပ်စုက လက်နက်ပြ ဆက်ကြေးကောက်နေလို့ ဒေသခံတွေ သွားလာရေးခက်ခဲနေ

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ ရဲစခန်းက ရဲတွေနဲ့စစ်သားတွေဟာ အဲ့ဒီဒေသတဝိုက်မှာ လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ဆက်ကြေးကောက်နေတာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေး ခက်ခဲနေရတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ ရဲစခန်းပတ်ပတ်လည်မှာ ဂိတ်ဖွင့်ထားပြီး ဖြတ်လာတဲ့ဆိုင်ကယ်၊ ကားတွေနဲ့ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးတောင်းခံတာအပြင် ပစ္စည်းတွေလည်း သိမ်းယူတာတွေ လုပ်နေတာလို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ပစ်ခတ်တာတွေတော့ မလုပ်ဘူး။ သူတို့စခန်းပတ်ပတ်လည် လမ်းသွားလာတွေဆီက ပစ္စည်းတွေသိမ်းဆည်းတာ၊ ကားတွေကို ငွေညစ်တာတွေ အမြဲတမ်းလုပ်လေ့ရှိတယ်။ မရမက လုပ်လေ့ရှိတယ်။ ဘာပစ္စည်းတွေပါလဲ၊ မင်းတို့ ထောက်ပို့လုပ်နေတာလား စွပ်စွဲတာတွေ လုပ်တယ်။ မင်းတို့ဘယ်လောက်‌တော့ ပေးခဲ့လို့ လုပ်တာတွေရှိတယ်။ အခုလိုလုပ်ရပ်က လက်နက်ပြပြီး ဓါးပြတိုက်နေတာပါပဲ” လို့ ပြောပါတယ်။

ခုလိုလုပ်ဆောင်နေတာကြောင့် လမ်းသွားပြည်သူတွေအနေနဲ့ သတိထားရှောင်ရှားနေရပြီး အဲ့ဒီရဲစခန်းအနီးမှာလည်း အမြဲလိုလို ဂိတ်ချထားတာကြောင့် ပြည်သူတွေအနေနဲ့ အဆိုပါလမ်းပိုင်းကို ရှောင်သွားနေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းမှာ စစ်သားနဲ့ရဲအင်အား ၃၀ ဝန်းကျင်ရှိပြီး ခုလိုလက်နက်ပြပြီး ဆပ်ကြေးတောင်းတာတွေကတော့ ၁ နှစ်နီးပါးလောက်ရှိနေပြီလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။