myaelatt athan

Sharing Information to the Local

မြိုင်နယ်က မန်ကျည်းလေးပင်ရွာကို စစ်အုပ်စုက ဒုတိယအကြိမ် မီးရှို့နေ

0
0

မကွေး၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းလေးပင်ရွာကို စစ်ကောင်စီနဲ့ပျူစောထီးတွေက ဒီဇင်ဘာ ၂၉ ရက်မနက် ၈ နာရီလောက်မှာ ဒုတိယအကြိမ် ဝင်ရောက်မီးရှို့နေတယ်လို့ သိရပါတယ်။

အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဒီကျေးရွာကို အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကန်နီပျူရွာမှ ပျူစောထီးတို့ပူပေါင်းပြီးတော့ မီးရှို့နေတာဖြစ်တယ်လို့ မြိုင်မြို့နယ်ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“လက်ရှိမီးခိုးတော့ ငြိမ်သွားပြီ။ မီးလောင်သွားတဲ့ အိမ်ခြေအတိကျတော့ မသိရသေးဘူး။ တိုက်ပွဲဆက်ဖြစ်မယ့်အခြေအနေမို့ ရွာခြေကပ်စုံစမ်း မရသေးပါဘူးရှင့်။ စစ်** က နည်းပါတယ် ကန်နီပျုရွာက ပျူတွေများတာပါ။ စစ်ကြောင်းကတော့ လယ်စုကနေပေါင်းလာတဲ့ စခတွေကန်နီရောက်ပြီး ကန်နီက ပျူတွေနဲ့ပေါင်းထွက်တဲ့ စစ်ကြောင်းပါ” လို့ဆိုပါတယ်။

ထို့အတူ မန်ကျည်းလေးပင်ရွာကို ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်နေ့မှာလည်း ကန်နီရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေက ပထမအကြိမ်ဝင်ရောက်မီးရှို့ခဲ့လို့ လူနေအိမ် ၁၁ လုံးပြာကျပျက်စီခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီကျေးရွာက ဒေသခံ တထောင်ခန့် မှာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် စားသောက်ရေး၊ နေထိုင်ရေးတို့ အခက်အခဲဖြစ်နေကြတယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“လတ်တလော စစ်ရှောင်တွေကတော့ တရွာလုံးအဝေးပြေးကြတာဆိုတော့ ဒေသခံကာကွယ်ရေးလောက်ပဲ ကျန်တာပါ။ စစ်ရှောင်တွေက စားနပ်ရိက္ခာ အခက်ခဲနဲ့မီးဘေးသင့်အိမ်တွေအတွက်လိုအပ်နေပါတယ်။ ရွာသားတွေက ရွာပြန်ည မအိပ်ပဲ ရှောင်နေရတာ ၄ည ၅ညရှိသွားပါပြီ။ အရင်ရက်တွေကတော့ တောတွေထဲမှာ အဆင်ပြေသလို ရှောင်နေကြရာကနေ တောဘက်မှာပါ အဲဒီကိုလက်နက်ကြီးကျလို့ အဝေးရွာတွေအားကိုးပြီး ရှောင်နေကြတယ်လို့သိရပါတယ်ရှင့်” လို့ ဆိုပါတယ်။

ဒီလထဲမြိုင်မြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က ရွာစဉ်တလျှောက် စစ်ဆင်ရေး ဆောင်ရွက်နေတာဖြစ်ပြီး နေအိမ်တွေ မီးရှို့ခံရတာဆက်တိုက်ဆိုသလို ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။