myaelatt athan

Sharing Information to the Local

ခင်ဦး၊ ရွာသစ်ကုန်းမှာ ပကဖတွေ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူတွေတပ်စွဲထားတဲ့ ရွာသစ်ကုန်းရွာအတွင်း ယမန့်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြောက်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေခံပကဖတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ခင်ဦး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုကို တို့ညီနောင် မဟာမိတ်အင်အားစုအဖွဲ့က အသင့်အနေထားနဲ့ စောင့်ဆိုင်းပြီး ပျောက်ကြားနည်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ၄ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်နဲ့ ပျူအင်အား ၃၀ ခန့်ဟာ သံခင်ဦးဘိုနဲ့ ဖိုကုန်းအစပ် ချောင်းအနီးက လူနေအိမ်တလုံးကို မီးရှို့ပြီးလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်အာရုံလွှဲကာ မြစ်ကြီးနားလမ်းဘေး အလယ်ရှိုရွာကို ၄၀ မမတွေနဲ့ပစ်ခတ်ပြီး ပြည်သူတချို့ကို ဖမ်းဆီးသွားသလို Local PDF တွေရဲ့ကျည်၊ ခဲယမ်းတွေကို သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ခင်ဦး PDF၊ မြို့နယ်ပကဖအဖွဲ့၊ LDF ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်နိုင်လို့ အလယ်ရှိုကျေးရွာနဲ့ အနီးအနားကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတွေနဲ့ လွတ်ကင်းရာ အခြားရွာတွေနဲ့ နီးစပ်ရာတောတွေဘက်ကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။