myaelatt athan

Sharing Information to the Local

အလှူလာတဲ့ကား မီးရထားစက်ခေါင်းနဲ့ တိုက်မိပြီး ၅ ဦးဒဏ်ရာရ

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာလမ်းခွဲမှာ အလှူလာတဲ့ကားတစီး မီးရထားစက်ခေါင်းနဲ့တိုက်မိပြီး ၅ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်မနေ့ကညနေ ၆ နာရီခွဲမှာ လူ ၁၁ ဦးလိုက်ပါလာတဲ့ ခရီးသည်တင်ကားဟာ လက်ဝဲကျေးရွာထဲကနေ ညောင်ဦးမြို့ထဲကိုထွက်လာချိန် လက်ဝဲကျေးရွာလမ်းခွဲ ရထားသံလမ်းကူးနားမှာ ရထားစက်ခေါင်းနဲ့တိုက်မိခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“သူတို့က ရှမ်းပြည်နယ်ကနေ လက်ဝဲကျေးရွာအလှူကိုလာတာ။ ညပိုင်းမှာ ညောင်ဦးမြို့ထဲသွားဖို့နေမယ်၊ ထွက်လာတာ။ တွဲမပါတဲ့ရထားစက်ခေါင်းနဲ့တိုက်မိတာ။ ကားပေါ်မှာက ကျားမ ၁၁ ဦးလောက်ပါတယ်။ ၅ ဦးလောက် ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါခရီးသည် ၁၁ ဦးအနက် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အားလုံးကစိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့လည်းဆိုပါတယ်။

ဒဏ်ရာရ လူနာတွေကိုတော့ ညောင်ဦးခရိုင် အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်နဲ့ ညောင်ဦးခရိုင် ပြည့်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။