myaelatt athan

Sharing Information to the Local

မြင်းမူမှာ စစ်ကား ၃ စီး မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မုံရွာမြို့နယ်ဘက်ကို ထွက်ခွာလာတဲ့ အင်အားအပြည့်ပါ စစ်ကောင်စီကား ၃ စီး ဒီဇင်ဘာလ ၂၆ ရက်မနက် ၃ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ သိရပါတယ်။

ခန့်မှန်းခြေအင်အား ၄၀ ကျော်လောက်လိုက်ပါလာတဲ့ အဲဒီစစ်ကား ၃ စီးမှာ စစ်ကိုင်းမြို့တပ်မ (၃၃)ကနေ မုံရွာဘက်ကို ထွက်ခွာလာချိန် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပရွာကြားကိုအရောက်မှာ အသင့်ထောင်ထားတဲ့မိုင်းတွေနဲ့ ၅ ကြိမ်ခွဲပြီး တိုက်ခိုက်လိုက်တာလို့ People’ Army To Fight Dictatorship မှတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“စကစတွေက ညပိုင်းကတည်းကနေ မုံရွာဘက်ကို ပုံစံအမျိုးမျိုးနဲ့လာဖို့ကြိုးစားတယ်ဗျ။ ဒီနေ့ မနက်မှာ ကျနော်တို့ကမိုင်းကွင်းကိုကြိုရောက်တယ်။ ပထမတစီးကနေပြီးတော့မှ ကျနော်တို့က မိုင်း ငါးကြိမ်ဆွဲတယ်။ မိုင်းကတော့ မျိုးစုံပေါ့။ စစ်ကားကတော့ တော်တော်လည်း အထိနာတယ်။ ကျနော်တို့က မိုင်းကိုလမ်းလယ်တည့်တည့်လုပ်ထားတာဆိုတော့ ကားကိုမှောက်မယ်လို့ထင်တာ။ ဒါပေမယ့် မမှောက်ခဲ့ဘူး” လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ခံရလို့ ကား ၃ စီးလုံး ထိခိုက်သွားတာကြောင့် မိနစ်အနည်းငယ်ကြာ ဘေးပတ်ဝန်းကျင်ကို လက်နက်တွေနဲ့ယမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် ရှေ့ဆက်မသွားခဲ့ဘဲ ချောင်းဦးဖက်ကို နောက်ပြတ်ဆုတ်သွားခဲ့တယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

“မိုင်းတွေကတော့ ကားသုံးစီးလုံးကို ထိသွားပါတယ်။ ရှေ့ကားဆိုရင် မှောက်မတတ်ဖြစ်ခဲ့တယ်။ ကျနော်တို့မိုင်းတွေက ကားအောက်တည့်တည့်ကနေ ခွဲလိုက်တာ။ တော်တော်လည်း သေကြမှာပဲ။ စကစတွေက ကားတွေကို ပြုပြင်ပြီးတော့ နောက်ပြန်ဆုတ်သွားခဲ့တယ်။ သူတို့ ပြန်မဆုတ်ခင်တော့ သေနတ်တွေနဲ့ တရပ်စပ်ယမ်းသမ်း ပစ်ခဲ့သေးတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်”လို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုကို People’s knight Defense Force Myinmu ( PKDF-MMU)၊ People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စတဲ့ ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်မှာလည်း စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကနေ မြင်းမူနယ်ဘက်ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ပဒေသာမိုင်း ၁၆ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူလည်းများခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။