myaelatt athan

Sharing Information to the Local

ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရပြီး စစ်ကြောရေးရောက်သွားပြီလို့ဆို

0
0

ပဲခူး၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရပြီး စစ်ကြောရေးရောက်သွားပြီလို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်ဒီနေ့မနက်အစောပိုင်း ၃ နာရီက ကြို့ပင်ကောက်မြို့ကနေအိမ်မှာ စစ်ကောင်စီ တပ်သားတွေနဲ့ရဲတွေက ဦးကျော်ဇေယျကို လာဖမ်းသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကြို့ပင်ကောက်ကအိမ်မှာ ဖမ်းခံရတာ။ သူကရှောင်နေရတာကြာပြီ။ ခု စရဖလက်ထဲ လွှဲလိုက်ပြီဆိုတော့ စစ်ကြောရေးတော့ ရောက်သွားလောက်ပြီ”လို့ ပြောပါတယ်။

ဦးကျော်ဇေယျကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက ပုဒ်မ- ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရင်း ဖမ်းဆီးခံလိုက်တာရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘောဇတိုင်းက အယ်ဒီတာချုပ် ဦးကျော်ဇေယျ အပြင် ထုတ်ဝေသူ၊ အယ်ဒီတာအဖွဲ့တွေကိုပါ စစ်ကောင်စီဘက်က ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်မှာတော့ ဦးကျော်ဇေယျရဲ့ဇနီး တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်နဲ့ မောင်ဖြစ်သူ စိုင်းစည်သူအပါအဝင် ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ သတင်းထောက် နန်းဝင်းရီတို့ဟာ တိမ်းရှောင်နေစဥ်မှာပဲ ဖမ်းဆီးခံလိုက်ရပါတယ်။

အဲ့ဒီနောက် ၈ လကျော်အကြာ ဒီဇင်ဘာလ ၁၀ ရက်မှာတော့ ဖမ်းဆီးခံထားရတဲ့ နန်းနန်းတိုင်၊ စိုင်းစည်သူ၊ ကိုတင်အောင်ကျော်နဲ့ နန်းဝင်းရီတို့ကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မနဲ့ စွပ်စွဲပြီး ညောင်ရွှေအကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ၄ ဦးမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာတော့ စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ၄ ဦးစလုံး ပြန်လည် လွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။