CDM ရဲတပ်သား PDF ရဲဘော်အတွက် တရားမျှတမှုပြန်ယူမယ်လို့ပြော

0 1
0 1

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က ဖြစ်ခဲ့တဲ့ သဲတောရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF ရဲဘော်တဦးလည်းဖြစ် CDM ရဲတပ်သားလည်းဖြစ်တဲ့ ရဲဘော် ဗိုလ်ရဲထွဋ်အတွက် တရားမျှတမှုပြန်ယူသွားမယ်လို့ Southern Yesagyo PDFခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။

အသက် ၃၂နှစ်အရွယ် CDM ရဲတပ်သား ဗိုလ်ရဲထွဋ်ဟာ Southern Yesagyo PDF ဆီကို CDM ဝင်လာတာ ၆ လကျော်ကာလရှိနေပြီဖြစ်ကာ ဒီဇင်ဘာ ၁၉ ရက်က သဲတောရွာမှာ နယ်မြေရှင်းရင်းကင်းပုန်းအဖွဲ့က ပစ်တာခံရလို့ ကျဆုံးသွားခဲ့တာပါ။

“စစ်အုပ်စုကင်းပုန်းဝတ်စခန်းချနေတဲ့ နေအိမ်ပေါ်ကနေ ပစ်ခတ်လိုက်တာမှာ CDM ရဲဘော် ဗိုလ်ရဲထွဋ် ကျဆုံးသွားတယ်။ အပြန်အလှန်ဖြစ်တဲ့နေ့က အလောင်းကို မကောက်နိုင်ခဲ့ဘူး။ သေဆုံးပြီး ၃ ရက်အကြာမှာ ကျနော်တို့ ၂၁ ရက်နေ့မှာ အလောင်းပြန်ကောက်နိုင်ခဲ့တယ်။ မီးသင်္ဂြိုဟ်ခဲ့တယ်” လို့ ဗိုလ်အောင်မောင်းက ပြောပါတယ်။

ဗိုလ်ရဲထွဋ် ထွက်လာခဲ့တဲ့ ရာထူးဌာနတွေကိုတော့ မိသားစုလုံခြုံရေးအရ ပြောဆိုခြင်းမရှိပေမယ့် မိသားစုကို ထောက်ပံ့မှုတွေပေးသွားမဲ့အပြင် ရဲဘော်အတွက် တရားမျှတမှုပြန်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ကျဆုံးသွားတဲ့ရဲဘော်နဲ့ ဆုံးရှုံးသွားတဲ့လက်နက်တွေအတွက် တရားမျှတမှုပြန်ယူမယ်။ သွေးကြွေးကို သွေးနဲ့ပဲဆပ်မယ်”

ရဲဘော်ကျဆုံးသွားတဲ့ရက်က M 16 A1 ၁ လက်၊ KO ၁ လက်၊ ကျည်ဘောက် ၅ခု၊ ကျည်ဆံ ၁၈၀၊ လက်ပစ်ဗုံး ၁ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။