myaelatt athan

Sharing Information to the Local

တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ထောက်ရှာပင်ရွာမှ နေအိမ် ၂၀ ကိုမီးရှို့ခဲ့

0
0

မကွေး၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကနေအိမ်တွေကို စစ်ကောင်စီတပ်တွေက တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၀၀ ကျော်နဲ့ ဒီဇင်ဘာလ ၁၈ ရက် ည ၈ နာရီလောက်မှာ စတင်ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ခဲ့ပြီးနောက် တညတာတပ်စွဲနေထိုင်ကာ ဒီဇင်ဘာလ ၁၉ ရက် ည ၇ နာရီကျော်လောက်မှပြန်ထွက်သွားခဲ့ကြတယ်လို့ ပေါက်မြို့နယ်ဒေသပျောက်ကျားတပ်ဖွဲ့ဝင် ဗိုလ်သိန်းငှက်က ပြောပါတယ်။

“အဲ့စစ်ကြောင်းက မြိုင်ကိုထိုးစစ်စင်နေတဲ့စစ်ကြောင်းပါ။ ပခုက္ကူတပ်ထဲကဖြစ်ဖို့များတယ်။ သေချာတော့မသိဘူး။ အခုစစ်ကြောင်းကနှစ်ကြောင်း တကြောင်းကမြိုင်ဘက်ကိုသွားတယ်။ နောက်တကြောင်းက ပေါက် မီးရှို့ခံရတဲ့ရွာအနီးမှာ ပျုရွာရှိတယ်၊ ပျူတွေနဲ့ ပေါင်းထောက်ရှာပင်ရွာကိုမီးရှို့တာ။ ရွာသားတွေလည်း အကုန်ရှောင်နေရတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သွားရောက်တိုက်ခိုက်ချင်ပေမယ့် စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့ပါက မြေပြင်အနေအထားမှာ လယ်ကွင်းပြင်ကြီး ဖြစ်နေတဲ့အတွက် ရှောင်ပုန်းဖို့ခက်ခဲတာကြောင့် မတိုက်ခိုက်ခဲ့ရဘူးလို့လည်း ဗိုလ်သိန်းငှက်ကပြောပါတယ်။

ထောက်ရှာပင်ကျေးရွာကို စစ်ကောင်စီတပ်တွေမီးရှို့တာဟာ အခုတခါကပထမအကြိမ်ဖြစ်ပြီး၊ နေအိမ် ၂၀ မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာမီးရှို့ပြီးနောက်ဒီဇင်ဘာလ ၁၉ ရက်ညမှာတော့ မြိုင်မြို့နယ်ရဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ လက်ခုပ်ပင်ရွာ၊ မြင်းကိုးသစ်ရွာနဲ့ ဝါးရင့်ချိုင်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။