myaelatt athan

Sharing Information to the Local

မုံရွာက ပျူစောထီးကျေးရွာ လက်နက်ကြီးနဲ့တိုက်ခိုက်ခံရ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ပျူစောထီးအများစုနေထိုင်တဲ့တောပုရွာကို ဒီဇင်ဘာလ ၁၈ ရက်မနေ့ကညပိုင်းမှာ Farmers Revolution Force – CHU ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

FRF – CHU မုံရွာခရိုင်တပ်ရင်း ၈၊ ၉၊ ၁၀ တပ်ဖွဲ့ဝင်တွေဟာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး မနေ့ကည ည ၉ နာရီ မိနစ် ၂၀ ခန့်မှာ သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ၇၀ မမ (Howitzer)နဲ့ အချက် ၃၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

“Howitzer လေးက အခုမှပွဲထွက်တာ။ စမ်းသပ်တာတွေကလည်း အရင်ကအကြိမ်ကြိမ်လုပ်ခဲ့ပြီးပြီ။ ပွဲအနေအထားရှိတာနဲ့ မဟာမိတ်တွေကလည်းလှမ်းခေါ်တာနဲ့ ပွဲထွက်သုံးမယ်ဆိုပြီး ကျနော်တို့ထွက်လိုက်တာ။ အခုတော့လည်း တဖြည်းဖြည်းအဆင့်မြင့်လာပြီ။ ကျနော်တို့လည်း ကြိုးစားပြီးထုတ်လုပ်နေတယ်” လို့ FRF တပ်ရင်းမှ တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Farmers Revolution Forve – မုံရွာခရိုင်တပ်ရင်း ၈၊ ၉၊ ၁၀ တို့နဲ့အတူ Aung San Force မုံရွာခရိုင်အမှတ် (၅) တပ်ရင်း၊ SGF၊ Generation Z People’s Defence Forces Monywa၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Black Wolf Defense Force – Monywa တပ်ဖွဲ့တို့လည်း အခုစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၂ ရက်ကလည်း စစ်ကိုင်းခရိုင်အတွင်းက ပျူစောထီးကျေးရွာလို့လူသိများတဲ့ ကြွယ်ပုံရွာကို Farmers Revolution Force – မုံရွာခရိုင်တပ်ရင်း ၈နဲ့ မဟာမိတ်တွေပူးပေါင်းပြီး ၆၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။