myaelatt athan

Sharing Information to the Local

ရွှေဘိုက ပျူစောထီးစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး

0
0

ရွှေဘို၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးကင်းစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ PDF အဖွဲ့ဝင်တဦးထံက သိရပါ တယ်။

ဖေဖော်ဝါရီ ၂၄ ရက် မနေ့ နေ့လယ် ၁ နာရီခန့်မှာ ခွန်တောင်ကြီးရွာနဲ့ ခွန်တောင်ကြီး-ညောင်ကန်ရွာလမ်းပေါ်ရှိ ပျူစောထီးအဖွဲ့တွေရဲ့ ကင်းစခန်းနေရာနေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးသီး ၁၈ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ညောင်ကန်ဘက်ကို ဝင်လာတာမို့လို့ ဒီဘက်နေပြီးတော့ သူတို့ရွာကင်းတွေပြန်ဆုတ်သွားတဲ့အချိန်မှာ ဒရုန်းတွေနဲ့ဗုံးချတာ”လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ဒရုန်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းဗုံးချတိုက်ခိုက်မှုမှာ ခွန်တောင်ကြီးရွာပျူစောထီးစခန်းက ပျူစောထီး ၁ ဦးသေဆုံးပြီး တိုက်ခိုက်ခံရတဲ့ ပျူစောထီးစခန်း ၃ ခုက ဒဏ်ရာရရှိသူ ပျူစောထီး ၈ ဦးရှိတယ်လို့ ၎င်းက ဆိုပါတယ်။

ခွန်တောင်ကြီးကျေးရွာက ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၅၀ ခန့်ရှိသလို စစ်ကောင်စီအင်အားလည်း ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာက ပျူစောထီးခေါင်းဆောင် အောင်ကျော်ရဲ့ညီမဖြစ်သူ ဦးဆောင်ပြုလုပ်နေတဲ့ ရှင်ပြုအလှူ ဒရုန်းဗုံးချခံရလို့ ကလေး ၁ ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။