နတ်ရေကန်ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို အရှိုချင်းတပ်ဖွဲ့ ဖမ်းမိ

0 3
0 3

ငဖဲ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး ကို အရှင်ဖမ်းမိထားတယ်လို့ Chin Defence Force-Asho ချင်းကာကွယ်ရေးတပ်-အရှိုက ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက်အထိ ၃ ရက်တာအတွင်း နတ်ရေကန် ဆက်သွယ်ရေးတာဝါတိုင်ရဲ့မြောက်ဘက် မီတာ ၂,၀၀၀ ခန့်အကွာ တောတွင်းနေရာအသီးသီးတွေကနေ စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၂၃ ဦးထံကနေ MA 1 ၁၃ လက်၊ MA 2 ၁ လက်၊ MA 3 ၃ လက်၊ MA 11 ၂ လက်၊ MA 5 ၁ လက်၊ စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်ဗုံး ၁၈ လုံး၊ အီနာဂါ ဗုံးသီး ၁၂ လုံး၊ လက်နက်ငယ် ကျည်မျိုးစုံ ၄,၀၀၀ ကျော်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

နတ်ရေကန်ဒေသအနီးတဝိုက်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီးပူးပေါင်းကြဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေသယ်ဆောင်လာပြီး ဆုတ်ခွာလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ယာဉ်တန်း ၄ စီးကို Chin Defence Force-Asho က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။