myaelatt athan

Sharing Information to the Local

NUG နဲ့ PRA တို့ စစ်ရေးနဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မယ်

မြေလတ်အသံ၊ နိုဝင်ဘာ ၁၊ ၂၀၂၂။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ချင်းကာကွယ်ရေးတပ် တခုနဲ့ မဟာမိတ်ဖွဲ့ခဲ့တဲ့ PRA မကွေး ဟာ အောက်တိုဘာ ၃၀ ရက် မနေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံပြီး စစ်ရေးနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်ကလည်း NUG MOD နဲ့ တကြိမ်တွေ့ဆုံခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းတွေ မတွေ့ခဲ့ရပဲ အခုတကြိမ်မှသာ သဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်တယ်လို့ PRA မကွေးရဲ့ နိုင်ငံရေးမှူး နောင်သူရိန်က ပြောပါတယ်။

“ပထမ တကြိမ်က ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာတွေကို အဖြေရှာခဲ့ပေမယ့် အဖြေမထွက်ခဲ့ဘူး။ နောက်ပိုင်းမှာ MOD ရဲ့ လက်အောက်က ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ တွေ့တာတွေရှိတယ်။ ဒီတခေါက်တွေ့တာတော့ ဝန်ကြီးနဲ့ ဒုတိယအကြိမ်ပေါ့” လို့ ပြောပါတယ်။

PRA မကွေးရဲ့ ရပ်တည်ချက်ကြေညာစာတမ်းပါ အချက်အလက်တွေအတိုင်းဆက်ပြီး ဆောင်ရွက်သွားမှ ာဖြစ်သလို စစ်ရေးအရ ပူးပေါင်းမှုတွေပါဝင်သလို စိုးမိုးနယ်မြေတွေရလာခဲ့ရင် အုပ်ချုပ်ရေးပိုင်းတွေ လုပ်ဆောင်ဖို့တွေကိုလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“နောက်ပိုင်း စိုးမိုးဒေသတွေ တည်ဆောက်ပြီးတဲ့အခါမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ NUG ရဲ့ လက်အောက်ခံ ပကဖ တွေ ပအဖ တွေနဲ့ ကျနော်တို့တွေ ပူးပေါင်းချိတ်ဆက်ပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ကျနော်တို့တွေ ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

NUG အနေနဲ့ PRA မကွေးရဲ့ တပ်ဖွဲ့ဝင်အင်အားပေါ်မူတည်ပြီး လစဉ် ရိက္ခာထောက်ပံ့ပေးသွားဖို့ ကတိကဝတ်ပေးထားပြီး လက်နက်တပ်ဆင်ရေးအတွက်လည်း ပြင်ဆင်နေတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

PRA အနေနဲ့ကတော့ တော်လှန်ရေးအမြန်ပြီးဖို့ရည်ရွယ်ပြီး တော်လှန်ရေးအင်အားစုတွေ အချင်းချင်းပူးပေါင်းမှ စစ်ရေးအရရော နိုင်ငံရေးအရပါ တော်လှန်ရေးခရီးရောက်မှာဖြစ်လို့ ရှေ့ဆက်ပြီးတော့လည်း ရပ်တည်ချက် မူဝါဒတူသူတွေနဲ့ ပူးပေါင်းသွားဖို့ရှိနေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။