လေယာဉ်ဆီနဲ့လက်နက်ခဲယမ်းတွေ တင်လာတဲ့စစ်သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံရ

0 1
0 1

စစ်ကိုင်း၊ အောက်တိုဘာ ၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်လာသေ လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်သင်္ဘော၁ စီး နှင့် ဖလက်‌သင်္ဘောများကို အောက်တိုဘာလ ၇ ရက်နေ့တွင် မြွေပိုင်းတောင်အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Triangle Force ဗိုလ်မင်းခေါင်က မြေလတ်အသံကို ပြောသည်။

စစ်သင်္ဘော အပါအဝင် စစ်ကောင်စီ ရေယာဉ်များသည် အောက်တိုဘာလ ၃ ရက်ကတည်းက အလုံ – စစ်ပင်ဆိပ်ကမ်းကနေ ထွက်လာခဲ့ပြီး ပွတ်လုံးရွာအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ပထမအကြိမ် တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် မြွေပိုင်းတောင်အနီးတွင် ဒုတိယအကြိမ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပထမအကြိမ်တိုက်ခိုက်မှုတွင် စစ်ရေယာဉ်တစီး မီးလောင်ခဲ့သည်။ ဒုတိယအကြိမ်တွင် စစ်ကောင်စီဘက် အကျအဆုံးများရှိ၍ ထိခိုက်မှုများစွာ ရရှိထားကြောင်း ကနဦး သတင်းအရ သိရှိထားသော်လည်း မြေလတ်အသံမှ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“ပထမအကြိမ်က ကနီနဲ့ချိုင်အကြား ပွတ်လုံးဒေသမှာ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမှာ စောင့်ကြိုတိုက်ခိုက်တာ၊ ဒီနေ့ဒုတိယအကြိမ်က ကဲဒေါင့်ရွာရဲ့အထက် မြွေပိုင်း‌တောင်နား ၇ နာရီ ၉ မိနစ်မှ ကျနော်တို့စတင်တိုက်ပွဲဖြစ်တာ၊ စစ်သင်္ဘော ၁ စီးအပါအဝင် ၁၃ စီးကိုပစ်ခတ်ခဲ့တာ၊ ခဲယမ်းလက်နက်ပစ္စည်း ရိက္ခာနဲ့လေယာဉ်ဆီတွေတင်ဆောင်လာတာ၊ အင်အားကတော့ ၁ စီးကို ၃၀ လောက်ပါတယ်၊ ဒီနေ့ကျဆုံးတာကတော့စုံစမ်းနေဆဲပါ၊ ဒီနေ့ည အထိတော့အဲဒီစစ်သင်္ဘောတွေက မင်းကင်းနယ်ထဲမှာ ရှိနေတုန်းပါ” လို့ ဗိုလ်မင်းခေါင်ကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (GTF)၊ တပ်ခွဲ(၂) ယက္ခညီနောင်၊ တပ်ခွဲ(၄) စစ်ကျွန်မခံမြွေဆိုးတသိုက်၊ တပ်ခွဲ (၅) Eagle Freedoom Fighter lChindwin Counter Colum၊ မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။