ပေါင်းတည်မှာ PDF ထင်ပြီး စစ်သားအချင်းချင်း မှားပစ်လို့ တဦးပြင်းထန်ဒဏ်ရာရ

0 1
0 1

ပဲခူး၊ စက်တင်ဘာ ၂၂၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က ကျေးရွာတရွာမှာ စက်တင်ဘာ ၂၁ ရက် မနေ့က နေ့လယ်ကပေါင်းတည်စစ်သားနဲ့ ပုတီးကုန်းစစ်သားတွေ အချင်းချင်း မှားပစ်ကြလို့ စစ်သားတဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ တောင်ပို့လှအုပ်စု သာလှပင်စည်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ပေါင်းတည်က စစ်ကောင်စီတပ်နဲ့ သဲကုန်းမြို့နယ် ပုတီးကုန်းက စစ်ကောင်စီတပ်တို့ PDF အထင်နဲ့ အချင်းချင်း မှာယွင်းပစ်ခတ်ကြတာလို့ သိရပါတယ်။

“သာလှပင်စည် ဘုန်းကြီးကျောင်းမှာ PDF ၁၅ ဦး ရောက်နေတယ်ဆိုပြီး သတင်းရလို့ ပုတီးကုန်းနဲ့ ပေါင်းတည်စစ်တပ်ကလာတာ ပုတီးကုန်းက အင်အား ၁၅ ဦးလောက် အရပ်ဝတ်တွေနဲ့ အရင်ရောက်နေကြပြီး ကျောင်းက ဦးပဉ္စင်း ဓမ္မပါလနဲ့ စကားပြောနေတာ ခဏအကြာမှာ ပေါင်းတည်စစ်တပ်က အင်အား ၅ ဦးနဲ့ ကင်းပုန်းဝတ်ရောက်လာပြီး PDFဆိုပြီး အပြန်အလှန် ပစ်ကြတာ ၁၅ ချက် အချက် ၂၀ လောက်ရှိမယ်၊ ဒါတောင် သေနတ်က ကျည်ကုန်နေလို့ တော်သေးတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပုတီးကုန်းစစ်တပ်က စစ်သားတဦး ရင်ဘတ်ကျည်ထိမှန်ပြီး ပုတီးကုန်းစစ်တပ်ကို ဦးဆောင်လာတဲ့ စစ်ဗိုလ်က တားမှ နှစ်ဘက်ပစ်ခတ်မှုရပ်သွားပြီး ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းပင်မဆောင်နဲ့ ဘောဇနဆောင်၊တပါးနေဆောင်တို့ကိုလည်း ကျည်ထိမှန်ကာ ပျက်စီးမှုအချို့ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဖြစ်ပွားတဲ့ နေရာဟာ ပေါင်းတည်နဲ့ ပုတီးကုန်း နယ်မြေအစပ်မှာ ရှိနေတာကြောင့် အခုလို နှစ်ဘက် စစ်တပ်တွေ ရောက်ရှိပြီး မှားယွင်းပစ်ခတ်ကြတာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။