myaelatt athan

Sharing Information to the Local

ကောလင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ကာ လူအင်အား၊ လက်နက်အင်အားမမျှလို့ PDF ရဲဘော် ၈ ဦးကျဆုံး

0
0

စစ်ကိုင်း၊ စက်တင်ဘာ ၁၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်သာရွာတောင်ဘက် အရိုးတောင်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂ ဖက်အထိခိုက်အကျဆုံးရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုးတောင်ဘို့ဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ထွက်လာတဲ့စစ်ကြောင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နေ့လည် ၂ နာရီက နယ်မြေခံပကဖအဖွဲ့နဲ့ PDF အဖွဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲက ၃ နာရီလောက်ကြာခဲ့ကာ အင်အားမမျှတဲ့အတွက် အကျဆုံးများခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးလက်နက်ငယ်အစုံနဲ့ပစ်တာ၊ တချို့ဆို ရွာထဲတွေတောင်ကျတယ်။ အင်အားကမမျှဘူး။ ဘယ်လိုမှကိုမမျှတာ၊ အဲ့တာကြောင့် ၈ ယောက်ပေးလိုက်ရတာ၊ အလောင်းတွေကိုတော့ သက်ဆိုင်ရာရွာတွေကို သယ်သွားကြတယ်။ အကုန်လုံးစျာပနလုပ်ပြီးပါပြီ၊ ကောင်းမွန်စွာသဂြိုဟ်ပြီးပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲမှာ KLPDF တပ်ရင်း ၁ မျိုးကြီးတပ်စိပ်က ရဲဘော် ၃ ယောက်နဲ့ ပကဖအဖွဲ့က စိုးပေ၊ R7၊ ပုဇင်းထိုး၊ Auto၊ 9 one ရဲဘော် ၅ ယောက်ကျဆုံးပြီး စုစုပေါင်း PDF ရဲဘော် ၈ ဦးကျဆုံးကာ ၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁‌၃ ရက်နေ့ မနေ့ကနေ့လည်ပိုင်းမှာ လာလမ်းအတိုင်း စစ်ကြောင်းပြန်ထွက်သွားပြီး ရွာသား ၂ ဦးကိုလည်း ဓားစာခံဖမ်းခေါ်သွားကာ ထွက်ခွာချိန် အထမ်းတွေနဲ့လူတွေထမ်းသွားတာတွေရှိပြီး သေဆုံးအလောင်းတွေလား ဒဏ်ရာရစစ်သားတွေလားဆိုတာကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။