myaelatt athan

Sharing Information to the Local

အတတ်နိုင်ဆုံးထောက်ပံ့ခဲ့ပေမယ့် ထမင်းဟင်းပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ရှောင်တွေ ရှိနေ

0
0

စစ်ကိုင်း၊ သြဂုတ် ၁၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းအုပ်စု အောင်သာယာနဲ့ ဘော်ကုန်းကျေးရွာထဲကို စစ်ကောင်စီက ဩဂုတ်လ ၁၄ ရက်ခန့်လောက်ကတည်း လာရောက်တပ်စွဲထားတာကြောင့် အနီးဝန်းကျင် ၁၃ ရွာက ဒေသခံ ၈,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတာလို့ ဒေသခံတွေကပြောပါတယ်။

​အောင်သာယာ၊ ဘော်ကုန်း၊ နဂါးတွင်း၊ တပ်တည်၊ ဆင်ရောက်ကြီး၊ ဆင်ရောက်ငယ်၊ လယ်ပြင်ကွက်၊ ပေါင်းတော်ကူ ၊မှန်သာ၊ မြကန်သာ၊ အင်တိုင်းကြီး၊ အင်တိုင်းလေးနဲ့ ကျွဲတဲကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“စစ်ဘေးရှောင်တွေ အတက်နိုင်ဆုံးတော့ ကျွန်တော်တို့ ကျွေးမွေးထောက်ပံ့ ပေးထားတာပေါ့ ဒါပေမယ့် မလောက်ငှပါဘူး တချို့ထမင်း၊ ဟင်း ပြတ်သွားလို့ မစားလိုက်ရတဲ့ စစ်ဘေးရှောင်တွေရှိတယ်ဗျ ဆန်အတွက်က ဖြစ်သလို လိုက်စုလို့ရပေမယ့် ဆီ၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်ကအစပေါ့ ဈေးအရမ်းကြီးနေတော့ ရသလောက်ပဲ အဆင်ပြေသလို လုပ်ကြရတော့ ဟင်းပြတ်လို့ ထမင်းဖြူနဲ့ မှန်ရောင်ဟင်းချိုပဲ စားလိုက်ရတဲ့သူတွေလည်းရှိပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်သူအတွက် ပြည်သူပဲရှိမို့ ပြည်သူတွေရဲ့လှူဒါန်းမှုက စစ်ရှောင်တွေအတွက် ခွန်အားတခုဖြစ်စေတယ်လို့ ဆိုပါတယ်။

“ဟုတ်ကဲ့ ပြည်သူအတွက် ပြည်သူပဲရှိတာမို့အိုးအိမ် မီးရှို့ခံရတဲ့ပြည်သူတွေ၊စစ်ဘေးရှောင်တွေကို လူသားချင်းစာနာတဲ့ စိတ်ထားလေးနဲ့ မိမိတို့တက်စွမ်းသရွေ့ ဝိုင်းဝန်းကူညီ ထောက်ပံ့ကူညီပေးကြပါ အလှူရှင်တွေရဲ့ စေတနာက စစ်ဘေးသင့် ပြည်သူတွေအတွက်ခွန်အားပါ နောင်လာနောက်သား မျိုးဆက်သစ်တွေ ကိုယ်တွေလိုဒုက္ခမခံစားကြရအောင် ဒီစနစ်ဆိုးကြီးကို အားလုံးလက်တွဲပြီး အဆုံးထိတော်လှန်ကြမယ် လို့ ပြောချင်ပါတယ်” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်အတွက် အဆင်ပြေနေဆဲဖြစ်ပေမယ့် ဆီ ဆား ဟင်းသီးဟင်းရွက် အစရှိတဲ့အခြေခံစားသောက်ကုန်တွေ စက်သုံးဆီတွေ စျေးကြီးနေတာကြောင့် လှူဒါန်းပေးဖို့ မေတ္တာရပ်ခံတာဖြစ်ပြီး သူတို့မြို့နယ်အတွင်းက ကျေးရွာ ၃၀ ကျော်ကိုလည်း စစ်ကောင်စီ မီးရိူ့ခဲ့ပါသေးတယ်။

စစ်ကောင်စီတွေက စစ်ကြောင်းထိုးကာ ကျေးရွာတွေကို လိုက်လံတပ်စွဲပြီး နေအိမ်တွေကို မီးရိူ့ဖျက်စီးနေတာကြောင့် စစ်ရှောင်တွေဟာ မိုးထဲရေထဲမှာ တိမ်းရှောင်ပြေးလွှားရင်း ခက်ခဲစွာ နေထိုင်ကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။