ပြည်မြို့မှာ 95 ဆီပြတ်လပ် ဆိုင်ပိတ်ခွင့်မရှိလို့ ဆီကုန်နေကြောင်း အော်ပြောနေရ

0 2
0 2

ပဲခူး၊ သြဂုတ် ၁၁၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့နယ်ထဲမှာ လောင်စာဆီတမျိုးဖြစ်တဲ့ 95 ဆီပြတ်လပ်သွားပြီး လာဝယ်သူများကို ကုန်သွားပြီဟု အော်ပြောနေကြောင်း မြို့ခံများထံကသိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့ ကတည်းက ဆီပြတ်လပ်နေပြီဖြစ်ပြီး ယနေ့နံနက်ပိုင်းထိလည်း ဝယ်ယူလို့မရသေးကြောင်း မြို့ခံများက ပြောသည်။

“မနေ့ကကတည်းက 95 ဆီကကုန်နေတာ သွားဝယ်တာမှာ တချို့ဆိုင်တွေက တခြားဆီဆို ရောင်းတယ် 95 ဆီဆို ကုန်နေပြီပြောတယ်။ တချို့ဆိုင်တွေကတော့ ဆိုင်ထဲကကို ကုန်သွားပြီဆိုတာကို အော်ပြောတာ လက်ခါပြတာတွေ လုပ်နေကြတယ်။ သူတို့ ပိတ်ခွင့်မရှိတဲ့ ဆိုင်အမျိုးအစားဆိုတော့ ဖွင့်တော့ထားပြီး မရှိဘူးအော်နေတာ” လို့ မြို့ခံအမျိုးသားတဦးက ပြောသည်။

လောင်စာဆီဈေးမှာ 92 တလီတာလျှင် ၂၀၅၀ ကျပ်နှင့် 95 တလီတာကို ၂၂၅၀ ခန့်မှာရှိနေပြီး ဈေးနှုန်းပြန်တက်လာခြင်းဖြစ်ကာ 95 ဆီကတော့ အတက်ဈေးဖြင့်ပင် ဝယ်ယူမရခြင်းဖြစ်သည်။

အလားတူမြန်မာနိုင်ငံတဝှမ်း လောင်စာဆီဈေးမြင့်တက်မှုများနှင့် ပြတ်လပ်မှုများခံစားနေရပြီး ရခိုင်ပြည်နယ်တွင် တလီတာ ၂၇၀၀ ထိ ရှိနေပြီး ဆန်ဈေးမှာလည်း ဆက်တိုက် မြင့်တက်လာနေသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။