နတ်တလင်းမှာ အထိနာတဲ့ စစ်ကောင်စီ အင်အားထပ်ဖြည့်နေ

0 4
0 4

ပဲခူး၊ ဇူလိုင် ၂၆၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲ ဒေသခံတပ်ဖွဲ့ရဲ့ တိုက်ခိုက်တာကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ ဇူလိူင် ၂၅ ရက်မနေ့က စလို့ စစ်သားအင်အားထပ်မံဖြည့်တင်းနေတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမအစပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ PDFတွေရဲ့ အလစ်အငိုက် တိုက်ခိုက်ခံနေရတာကြောင့် မကြာခဏဆိုသလို သေဆုံးထိခိုက် ဒဏ်ရာရနေကြတာ ဖြစ်ပါတယ်။

“လောလောဆယ်က စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်လာတာရှိပါတယ် ဘယ်တပ်ကလည်း ဆိုတာကတော့ မသိရဘူး အခုဆို သူတို့မှာ အင်အား ၅၀ လောက်တော့ ရှိမယ်”လို့ နတ်တလင်း Phoenix DFက ပြောပါတယ်။

စစ်သားအင်အား ၁၅ ဦးလောက်ပါတဲ့ ကားတစီးနဲ့ ပဲခူးရိုးမတောင်ခြေအစပ်ဘက် တက်သွားတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“မနေ့က နေ့လည် ၂ နာရီ ခွဲလောက်က နတ်တလင်းမြို့ သံဖြူရုံဂိတ်မှာ စစ်သားအင်အား ၁၅ ဦးလောက်ပါတဲ့ DC ကားတစီး ခဏရပ်ပြီး ပဲခူးရိုးမအစပ်ကို တက်သွားတာ တွေ့လိုက်တယ်”လို့ မျက်မြင်တွေ့သူ မြို့ခံတဦးက ပြောပါတယ်။

ဇူလိုင် ၂၅ ရက်မနေ့က ကြက်မနက်ရွာ တိုက်ခိုက်ခံရမှုမှာ Phoenix DF တပ်ဖွဲ့က စစ်ကောင်စီ ၃ ဦး သေဆုံးပြီး အရာရှိ တဦးအပါ အများအပြား ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေအဆိုအရ စစ်သားအလောင်းအချို့ လျှိုမြောင်ထဲ ပစ်ချတာတွေလည်းရှိပြီး အရာရှိတဦးလည်း ရင်ဘတ်မှာ ဒဏ်ရာရသွားတယ်လို့ ပြောဆိုပြီး မြေလတ်အသံအနေနဲ့ကတော့ အတည်ပြုလို့မရသေးပါဘူး။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။