myaelatt athan

Sharing Information to the Local

ပခုက္ကူမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့နေ

0 2
0 2

မကွေး၊ ဇူလိုင် ၈၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ရှားဒူးရွာကို ဒီကနေ့မနက်ပိုင်းထဲက စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာလုံးကျွတ် မီးဝင်ရှို့နေတယ်လို့ ဒေသခံတစ်ဦးက မြေလတ်အသံကိုပြောလာပါတယ်။

ဒီကနေ့ မနက် ၈နာရီဝန်းကျင်မှာ အင်အား ၁၀၀လောက်ပါတဲ့ စစ်ကြောင်းက တိုက်ပွဲလည်းမရှိဘဲ ရွာထဲကိုဝင်ရောက်လာပြီး အခုလိုမီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

ရှားဒူးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ရွာကြီးဖြစ်ပြီးမီးလောင်မှုကြောင့် ရွာလုံးကျွတ်မီးထဲပါသွားပြီး မြစ်တစ်ဖက်ကမ်းကနေတောင် မီးခိုးတွေမြင်နေရတယ်၊ ကပ်ရက်ရွာတွေဖြစ်တဲ့ စိုင်ဖြူရွာလည်း ၁၁နာရီလောက်မှာ စပြီး မီးရှို့ခံနေရပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

“ကိုယ့်အိမ်တွေ မီးရှို့ခံရတာသိပေမဲ့ ဘာမှမတတ်နိုင်ဘူး”လို့လည်း ဆိုပါတယ်။

အဲ့ဒီ စစ်တပ်ဟာ မြစ်ခြေ-ကျွန်းချောင်းမှာ အထိုင်စခန်းချနေပြီး ခုလိုစစ်ကြောင်းငယ်ခွဲကာ ပခုက္ကူနဲ့ ဆိပ်ဖြူနယ်စပ်ဖြစ်တဲ့ တန့်ကြည့်တောင်ဒေသတဝိုက်က ရွာတွေကို ရွာလုံးကျွတ် မီးလိုက်ရှို့နေတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လကုန်ကလည်း တောင်ပလူ၊ ဒဲ့ပြား၊ အရှေ့ကမ်းဖြူ စတဲ့ရွာတွေကို ဝင်ရောက်ဖျက်ဆီးသွားပြီး တောင်ပလူရွာကတော့ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရပါတယ်။

ခုရက်ပိုင်း ပခုက္ကူမြို့ကို လုံခြုံရေးတင်းကြပ်ထားပြီး မြို့ရှောင်လမ်းနဲ့လမ်းဆုံတွေမှာ ကျင်းတူးတာတွေ၊ စခန်းရှေ့ဘန်ကာတွေကို အခိုင်မာပြင်တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။