myaelatt athan

Sharing Information to the Local

မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်သတ်ခံရ ပွဲချင်းပြီးသေဆုံး

0
0

မြေလတ်အသံ၊ ဇွန် ၂၈၊ ၂၀၂၂။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့မှာ မနေ့ကည (၈) နာရီကျော်ခန့်က မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တဦး သေနတ်နဲ့အပစ်ခံရပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“ညရှစ်နာရီကျော်လောက်က သေနတ်သံတချက်ကြားလိုက်တယ်။ ဘယ်သူဘယ်အဖွဲ့က ပစ်တာလဲဆိုတာတော့ မသိဘူး။ သူ့အိမ်ထဲအထိကားနဲ့ဝင်လာပြီး ‌ပစ်သွားပုံအရဆိုရင် ဓာတ်သိ‌တွေထဲကလို့ပဲထင်ရတယ်။ ငွေရေးကြေးရေးစီးပွားရေးကြောင့်လား၊ ရန်ငြိုးရန်စကြောင့်လားဆိုတာတော့ မပြောတတ်ဘူး” လို့ ရပ်ကွက်နီးချင်းနေထိုင်သူတဦးက ပြောပါတယ်။

အပစ်ခံရပြီးသေဆုံးသူမှာ တန်းယန့်မြို့၊ ရပ်ကွက်(၂)မှာနေထိုင်တဲ့ သက်လတ်ပိုင်းအရွယ် အားချန် ဆိုသူဖြစ်ပြီး၊ မန်ပန်ပြည်သူ့စစ်အဖွဲ့ထဲကို အမည်ခံဝင်ရောက်ထားသူဖြစ်ပြီး၊ မှောင်ခိုလုပ်ငန်းများလုပ်ကိုင်ခြင်း၊ ကျေးရွာလူထုအပေါ် လက်နက်အားကိုးဖြင့်ခြိမ်း ခြောက်အနိုင်ကျင့်တာတွေ မကြာခဏပြုလုပ်လေ့ရှိသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်ပန်ဌာနေပြည်သူ့စစ်အဖွဲ့ဆိုတာ ဘိန်းဘုရင်ခွန်ဆာ(MTA)အဖွဲ့ လက်နက်ချပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း သကဆဖ(သောင်းကျန်းသူဆန့်ကျင်‌ရေးအဖွဲ့)အဖြစ် ပြန်လည်ဖွဲ့စည်းထားခဲ့တဲ့ ခွန်ဆာတပည့်လက်ကျန်အဖွဲ့ဖြစ်ကာ ဦးစိုင်းမွန်းနဲ့ သားဖြစ်သူက လက်ရှိအချိန်ထိ အုပ်ချုပ်ထားပြီး၊ အဲဒီအဖွဲ့ဟာ စစ်ကောင်စီ နယ်မြေခံတပ်ရင်းတွေရဲ့ ထိန်းချုပ်ကြီးကြပ်မှု‌အောက်မှာ လက်ဝေခံအဖြစ်နေထိုင်ရပေမယ့် မှောင်ခိုလုပ်ငန်းတွေကို စိတ်ကြိုက်လုပ်ကိုင်ခွင့်ရတဲ့အပြင် ကျေးရွာနေလူထုတွေအပေါ် လယ်ယာမြေတွေမတရား သိမ်းဆည်းတာတွေ၊ ဆက်ကြေးကောက်ခံတာတွေနဲ့ စစ်သားစုဆောင်းရေးအလုပ်တွေကို မကြာခဏပြုလုပ်လေ့ရှိလို့ မြို့ပေါ်ကျေးရွာမကျန် အာဏာအင်အားကြီးတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။