myaelatt athan

Sharing Information to the Local

ပြည်မြို့မှာ ကျောင်းစောင့်ဝန်ထမ်းလာလျှောက်သူကို စစ်ဝတ်စုံဝတ်ကာ ကျည်မပါတဲ့ သေနတ်နဲ့ လုံခြုံရေးယူခိုင်း

0
0

ပဲခူး၊ ဇွန် ၁၁၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စစ်ကောင်စီက ကျောင်းစောင့်ရာထူးအတွက် ဝန်ထမ်းခေါ်ခဲ့ပြီး လာလျှောက်သူကို စစ်ယူနီဖောင်းဝတ်စေပြီး ကျည်မပါတဲ့ သေနတ်ကိုင်ခိုင်းကာ လုံခြုံရေးတာဝန်ကို ပေးထားတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

တလ ၃သိန်းနဲ့ ကျောင်းစောင့်လုပ်ရမယ်ဆိုတဲ့ အချက်နဲ့ ဝန်ထမ်းခေါ်ခဲ့တာကြောင့် အလုပ်လျှောက်ခဲ့ပြီး အလုပ်ဝင်ဝင်ချင်းမှာပဲ ယူနီးဖောင်းဝတ်ခိုင်းပြီး ပြည်မြို့ အမှတ် ၅ ကျောင်း အလယ်ပေါက်မှာ လုံခြုံရေးဂိတ်စောင့် လုပ်နေရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” အဲ့ဒီလို မလုပ်ပါရစေနဲ့ ပိုက်ဆံလည်း မပေးပါနဲ့တော့၊ တောင်းပန်ပြီး ထွက်ခွင့်တောင်းတာ မရဘူး၊ တလပြည့်အောင် လုပ်ရမယ် ရှေ့တန်းခေါ်ရင်လည်း လိုက်ရမယ်လို့ ပြောတယ်” လို့ ပြည်မြို့က ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့ အမှတ်၅ ကျောင်းရှေ့လမ်းကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာဖြစ်ပေမယ့် ကျောင်းကြိုပို့ လုပ်နေတဲ့ မိဘတွေကတော့ အလယ်ပေါက်မှာ ယူနီဖောင်းနဲ့ စောင့်နေတာကို မြင်ရတယ်လို့ လည်း ပြောပါတယ်။

အဲ့ဒီလိုစောင့်နေတဲ့ ယူနီဖောင်းနဲ့ လုံခြုံရေးဝန်ထမ်းကို တွေ့တာ တပတ်ကျော်လောက်သာ ရှိသေးပြီး အရင်က အဲ့လိုစောင့်တာမျိုး မရှိဘူးလို့ နောက်ထပ် ‌ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

” ဟုတ်တယ် စစ်ဝတ်စုံနဲ့ အဝမှာတွေ့တယ် တပတ်အတွင်းလောက်ပေါ့၊ အရင်ကဆို လမ်းထိပ်က ဂိတ်မှာပဲ တွေ့တာ”လို့ ပြောပါတယ်။

အဲ့ဒီလို ဝန်ထမ်း ဘယ်နှစ်ယောက်ရှိနေတယ်ဆိုတာနဲ့ အမှတ်၅ ကျောင်းအပြင် ပြည်မြို့က ဘယ်ကျောင်းတွေမှာ အခုလိုမျိုး ကျောင်းစောင့်ခေါပြီး လုံခြုံရေးတာဝန်ကို ပေးထားသေးလဲဆိုတာကိုတော့ မြေလတ်အသံအနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။