အမ်းမြို့က ရပ်ကွက်တခုမှာ ကျူးကျော်ဆိုပြီး နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီ ဖြိုဖျက်ခိုင်း

0 0
0 0

မြေလတ်အသံ၊ ဇွန် ၁၀၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ အမ်းမြို့ လေယာဥ်ကွင်းရပ်ကွက်ရှိ နေအိမ် ၁၀လုံးကျော်ကို စစ်ကောင်စီက ကျူးကျော်နေထိုင်သည့်အိမ်များ ဟုဆိုကာ လာမည့်ဇွန်လ ၁၂ရက်နေ့ကို နောက်ဆုံးထားဖြိုဖျက်ပေးရမည်ဟု အကြောင်းကြားစာပေးလာကြောင်း ကာယကံရှင်များထံက သိရသည်။

လက်ရှိနေအိမ်များ ဖြိုဖျက်ရမည့်သူများမှာ ၎င်းနေရာ၌နေထိုင်လာသည်မှာ နှစ်ပေါင်း ၂၀ကျော်ရှိပြီဖြစ်ကြောင်းနှင့် မြေကွက်များကိုလည်း ငွေပေးပြီးဝယ်ယူထားကြရခြင်းဖြစ်သည်ဟု ဒေါ်ငယ်ချေက ပြောသည်။

“ကျွန်မတို့ အခုတော့မဖြိုရသေးဘူး။ သွားစရာနေရာမရှိလို့။ လျော်ကြေးပေးရမယ်။ လျော်ကြေးပေးမှဖြိုဖျက်လို့ ရမှာ။ ဒီနေရာကထွက်သွား ရရင် ကျွန်မတို့မှာနေစရာနေရာတွေမရှိတော့ဘူး။ မိုးရာသီလည်းဖြစ်နေပြီ။ မဖြိုပေးရင်လည်းသူတို့က ပြဿနာ ရှာဦးမှာ။ကြောက်လန့်လို့နေနေရတယ်။”ဟု ဆိုသည်။

ယင်းအပြင် နေအိမ်ဖြိုဖျက်လိုက်ပြီဖြစ်သည့် နောက်ထပ်ဒေသခံတစ်ဦးက ယခုလိုနေအိမ်၊ ဆိုင်ခန်းများကို ဖြိုဖျက် ရသည့်အတွက် နေထိုင်ရေး၊ စားသောက်ရေးများ အခက်အခဲဖြစ်နေသည်ဟုဆိုသည်။

“အခုကျွန်တော်တို့က ဆွေမျိုးတွေအိမ်တစ်အိမ်မှာ ခိုလှုံနေရပါတယ်။ ဘယ်နေရာကို သွားမလဲဆိုတာကို စဥ်စားလို့ တောင်မရဘူး။ လျော်ကြေးလည်း မရတော့ငတ်သေဖို့ပဲရှိတယ်။ ဘယ်ဘဝကဝဋ်ကြွေးတွေလည်း မသိဘူး။”ဟုဆိုသည်။

အကြောင်းကြားလာသည့်စာတွင် အမ်းမြို့လေယာဥ်ကွင်းရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ် ချိန်းပိုင် မြေဧရိယာအတွင်း တရားမဝင်ကျူးကျော်နေထိုင်လျှက်ရှိသူများသည် မကြာမီကာလအတွင်း ခရိုင်ဆက် သွယ်ရေးရုံး ဖွင့်လှစ်မည်ဖြစ်ပါသောကြောင့် ဇွန်လ ၆ရက်နေ့မှ ၁၂ရက်အတွင်း နေအိမ်များအား အပြီးဖျက်သိမ်း ဖယ်ရှားရှင်းလင်းပါရန် ဟုပါရှိသည်။

အလားတူပြီးခဲ့သည့် ဧပြီလအတွင်းကလည်း အမ်းမြို့ပေါ်ရှိ နတ်စင်ကုန်း၊ အောက်ရွာနီး ကျော်ဇံဆီဆိုင်ကုန်း၊ ခမရ ၃၇၁ အနီး မော်ဆီဆိုင်ကုန်းတို့မှ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် စျေးဆိုင်ခန်းများနှင့် လူနေအိမ် စုစုပေါင်း ၂၀၀ကျော် ဖြိုဖျက်ပေးလိုက်ရပြီဟုသိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။