myaelatt athan

Sharing Information to the Local

အောင်လံမှာ စာသင်ကျောင်းထဲဗုံးတွေ့ကိစ္စ ဖုံးဖိထားလို့ လူစုလူဝေးဖြစ်ကာ ကျောင်းတက်ရောက်သူနည်းပါး

0
0

ပဲခူး၊ ဇွန် ၉၊ ၂၀၂၂။

မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း (အထက-၂) ကျောင်းဝန်းအတွင်းမှာ ဇွန်လ ၉ ရက် ဒီကနေ့မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံးတလုံးတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်လံမြို့၊ ဘိုကုန်းရပ်ကွက်မှာရှိတဲ့ အ.ထ.က ၂ စာသင်ကျောင်းမှာ မနက် ၁၀ နာရီလောက်က မပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့ရှိခဲ့ပြီး၊ မြို့နယ်စစ်ကောင်စီက ဖုံးဖိထားခဲ့လို့ စာသင်ကျောင်းရှေ့မှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“စာသင်ကျောင်းထဲ ဗုံးတွေ့တယ်ဆိုတာ ရပ်ကွက်က လူတွေကတဆင့်တဆင့်ကြားပြီး သူတို့ကလေးတွေရှိတော့စိတ်ပူပြီး ကျောင်းရှေ့ကိုသွားကြတာ။ ကျောင်းရှေ့ရောက်တော့ ဗုံးမဟုတ်ဘူ ဘာညာနဲ့ စစ်ကောင်စီကလူတွေနဲ့ ကျောင်းကလူတွေပြောတာ။ ရပ်ကွက်ကတော့ မကျေနပ်ဘူး။ ကျောင်းရှေ့မှာရုတ် ရုတ်သဲသဲတွေတော့ဖြစ်သွားသေးတယ်” လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီလိုဖြစ်ပွားပြီးတဲ့နောက် ဒီကနေ့နေ့လည်ပိုင်းမှာတော့ ကျောင်းသားမိဘတွေက ကျောင်းကိုမလွှတ်တော့လို့ ကျောင်းတက်ရောက်သူ မရှိသလောက် နည်းပါးသွားတယ်လို့ သူကဆက်ပြောပါတယ်။

အောင်လံမြို့မှာ အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် အခြေခံပညာကျောင်းအများအပြားရှိတာဖြစ်ပြီးတော့ ကျောင်းစဖွင့်တဲ့ ဇွန်လပထမအပတ် ၂ ရက် ၃ ရက်သာ စစ်ကောင်စီက အထက် တန်းကျောင်းတွေကို လုံခြုံရေးစောင့်ပေးပြီး ဒုတိယအပတ်ကစလို့ စာသင်ကျောင်းတွေမှာ လုံခြုံရေး စောင့်ပေးတာမျိုးမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။