myaelatt athan

Sharing Information to the Local

မင်းဘူးခရိုင် PDF တပ်ရင်း ၄ က တပ်သားသစ် ၅၀ နီးပါး အခြေခံစစ်သင်တန်းပြီးဆုံး

မင်းဘူး၊ မတ် ၃၊ ၂၀၂၅။

မကွေးတိုင်း၊ မင်ဘူးခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးနယ်မြေမှာ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် ၆ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ် ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။

ဇန်နဝါရီ ၂ ရက်မှ မတ် ၂ ရက်အထိ ၂ လကြာပြုလုပ်ခဲ့တဲ့ အဆိုပါအခြေခံစစ်ပညာသင်တန်းကို တပ်ဖွဲ့ဝင်သင်တန်းသား အမျိုးသား ၄၆ ဦးနဲ့ အမျိုးသမီး ၂ ဦး တက်ရောက်ခဲ့ကြပြီး ခရိုင်အဆင့်သင်တန်းဆင်းထားတဲ့ သင်တန်းနည်းပြဆရာတွေက မြေပြင်စစ်ပညာ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ လိုက်နာရမဲ့စည်းမျဉ်းစည်းကမ်းတွေကို စာတွေ့၊လက်တွေ ပြန်လည်သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

“ သင်တန်းတက်ရောက်လာသူတွေကတော့ စစ်အာဏာရှင်ကိုတော်လှန်ချင်လို့ PDF ထဲကို စိတ်ပါဝင်စားစွာဝင်ရောက်လာတဲ့သူတွေဖြစ်ပြီး မင်းဘူးခရိုင်ထဲက တက်ရောက်လာကြတာဖြစ်တယ်။” မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းကာလတလျှောက် စစ်စည်းကမ်းလိုက်နာနိုင်မှု၊ လက်နက်ငယ်ပစ်ခတ်စဉ်နဲ့ ကတုတ်ကျင်းတူးဖော်မှုတွေမှာ ထူးချွန်ဆုရရှိသူသင်တန်းသားတွေကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်ပညာ အပတ်စဉ် ၆ သင်တန်းဆင်းပြီးသူတွေကို PDF တပ်ဖွဲ့ဝင်သစ်အဖြစ် အမှတ် ၄ တပ်ရင်းရဲ့သက်ဆိုင်ရာတပ်ရင်းတွေကို ပို့ဆောင်သွားမှာဖြစ်ပြီး အဆိုပါသင်တန်းသားတွေအနက် ဆေးဘက်ဆိုင်ရာသင်တန်း၊ ရုံးလုပ်ငန်းနဲ့ကွန်ပျူတာသင်တန်း၊ ဒရုန်းသင်တန်း၊ မိုင်းနဲ့ဆက်စပ်သင်တန်းတွေကို ဆက်လက်တက်ရောက်နိုင်မယ့်သူတွေကို ဆက်လက်ရွေးတက်ရောက်နိုင်ဖို့ ဆောင်ရွက်ပေးသွားမယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။