ဘုတလင်မှာ ၁၀ရက်အတွင်း ဆက်တိုက်စစ်ကြောင်းထိုးနေလို့ PDF ၅ဦးကျဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိ

0 1
0 1

စစ်ကိုင်း၊ မေ ၁၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက နေ့တိုင်းဆိုသလို စစ်ကြောင်းထိုးဝင်ရောက်နေတာ ၁၀ရက်နီးပါးရှိနေခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဦးနီးပါး ‌ကျဆုံးထားပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေ ရှိနေပါတယ်။

အခုလဆန်းပိုင်းလောက်ကစပြီး ဘုတလင်မြို့နယ်ကို စစ်ကောင်စီက အရှေ့နဲ့ အနောက် စစ်ကြောင်း ၂ခုခွဲပြီး ကျေးရွာဘက်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေသလို အနည်းဆုံး ၃ရွာနီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေတိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” အ‌ရှေ့ခြမ်းရော အနောက်ခြမ်းရော တောင်ခြမ်းရော အကုန်ပတ်ထိုးနေတာ စစ်ကြောင်း၂ခုက ၊ အခု ၁၀ရက်အတွင်းမှာ လွန်ခဲ့တဲ့ ၅ရက်လောက်ကတပွဲ ၊ ၇ရက်လောက်က တပွဲ ၂ပွဲတော့ ဖြစ်ပြီးပြီ၊ ဒါပေမယ့် ‌လိုကယ်အဖွဲ့တွေကတော့ စစ်ကြောင်းရောက်တဲ့ နေရာတွေကို လှမ်းလှမ်းထုတာတွေရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက်က မဟုတ်သေးတဲ့ ဒေသခံကာကွယ်ရေး အဖွဲ့လေးတွေက ရဲဘော် ၅ဦး ကျဆုံးထားပြီး စစ်ကောင်စီဘက်ကလည်း အနည်းဆုံး ၁၀ဦး နီးပါး သေဆုံးထားတယ်လို့ ပြောပါတယ်။

ဘုတလင်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်တောက်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဘုတလင်မြို့နယ် ပကဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

မေလအစပိုင်းကနေ ဒီနေ့အထိ စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်းမှာ စစ်ကြောင်းတခုကို အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်း ၂ကြောင်း ထိုးပြီး ကံသစ်ရွာကို မီးရှို့ခဲ့ချိန်မှာ အသက် ၇၈နှစ်အရွယ် အဖွားအိုတဦးသေဆုံးခဲ့သလို အုတ်ဖိုရွာအနီးက ယောဂီကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူ ၉ဦးကို အကြောင်းမဲ့ ပစ်သတ်သွားခဲ့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။