ဘုတလင်နယ်က ရွာကို စစ်ကောင်စီမီးရှို့လို့ အဖွားအိုတဦး မီးလောင်သေဆုံး

0 3
0 3

စစ်ကိုင်း၊ မေ ၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကံသစ်ရွာကို စစ်ကောင်စီက ဒီနေ့မနက် ၄နာရီဝန်းကျင်မှာ စစ်ကြောင်းထိုးပြီး တိုက်ပွဲမဖြစ်ပဲ မီးရှို့ခဲ့လို့ အဖွားအိုတဦး မီးလောင်သေဆုံးခဲ့ပါတယ်။

မုံရွာမြို့နဲ့ ဘုတလင်မြို့ကြားမှာရှိတဲ့ ကံသစ်ရွာကို အင်အား ၇၀ကျော်ပါတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အိမ်ခြေ၇၈အိမ်ရှိတဲ့ ရွာကို မီးရှို့ပြီးပြန်သွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

” အဲ့ရွာကို စစ်ကောင်စီက ခဏခဏဝင်တယ် တပ်လည်းစွဲတယ်၊ ခုတခါက မီးရှို့သွားတာ၊ အိမ်ခြေ ၄၀ကျော်လောက်ပါသွားတယ်၊ အဖွားကြီးတဦးကလည်း မီးထဲပါပြီးသေသွားတယ်၊ ဘုတလင်မှာ လူအခွင့်ရေးတော်တော်ချိုးဖောက်ခံနေရတယ်” လို့ ဘုတလင်မြို့နယ် ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မီးရှို့ထားခဲ့လို့ အသက် ၇၈နှစ်အရွယ် အဖွားတဦးသေဆုံးပြီး အိမ်ခြေ ၄၇လုံးမီးလောင်ပြာကျခဲ့ပြီး လက်ရှိမှာတော့ ကံသစ်ရွာက ဒေသခံတွေအားလုံး ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရတာကြောင့် အဝတ်အစားနဲ့ အစားအသောက်လိုအပ်နေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။