myaelatt athan

Sharing Information to the Local

အာဏာသိမ်းစဉ် ပြည်မြို့မှာ တာဝန်ကျခဲ့ဖူးတဲ့ စစ်ဗိုလ်တဦး ပဲခူးရိုးမတိုက်ပွဲမှာ သေဆုံး

0
0

ပဲခူး၊ ဧပြီ ၂၂၊ ၂၀၂၂။

ပဲခူးရိုးမပေါ်မှာ စစ်ကောင်စီနဲ့ ပြည်ခရိုင် PDF တပ်ရင်းတို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ဗိုလ်တဦး သေဆုံးခဲ့ပြီး မနေ့က သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်ရှိတဲ့ ပဲခူးရိုးမပေါ်ကို တလှည့်စီစစ်ကြောင်းထိုးနေပြီး ဘယ်နေ့က တိုက်ပွဲမှာ ကျသွားတယ်ဆိုတာ အတိအကျ မသိရသေးပဲ အတွင်းသတင်းပေးချက်များအရ ပြည်ခရိုင်နဲ့တိုက်တဲ့ တိုက်ပွဲအတွင်းသေဆုံးမှန်းသိရကြောင်း ပဲခူးတိုင်း စစ်ဒေသ တာဝန်ရှိသူတဦးက ပြောပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်းက လဲပင်ကိုတက်လာတဲ့ စစ်ကြောင်းနဲ့ ပြည်ခရိုင် PDF တပ်ရင်း ၂ခုနဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်၊ အဲ့ဒီမှာ ထိခိုက်သွားတဲ့ သူလို့ ယူဆတယ် ၊ ကျနော်တို့က မိုင်းဆွဲတယ် ပြောက်ကျားတိုက်ခိုက်တယ်၊ ပြန်ဆုတ်တာဆိုတော့ ဘယ်နေရာထိတွေ့မှုမှာ ကျရှုံးတယ်ဆိုတာ မသိရဘူး” လို့ ပဲခူးတိုင်း ‌စစ်ဒေသတာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ဗိုလ်ကြီးနိုင်မင်းထွန်းဆိုသူကို ဧပြီ၂၁ရက် မနေ့က ပြည်မြို့ အေးငြိမ်းရာ သုဿန်မှာ သင်္ဂြိုလ်ခဲ့တာဖြစ်ပြီး သူဟာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ နဲ့ ၃၆၀၂ တို့နဲ့ တိုက်ပွဲဖြစ်ချိန်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” အတွင်းသတင်းပေးချက်အရ သူက ပြည် အ.ထ.က ၁မှာ လုံခြုံရေးယူခဲ့တဲ့အထဲမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာယူခဲ့တဲ့ ဗိုလ်ကြီးနိုင်မင်းထွန်းဆိုတာ၊ ပြီးတော့ သူတို့ စစ်ဆေးတာတွေ ကင်းပတ်တာတွေ လုပ်ခဲ့ပြီးတော့ ၊ ပဲခူးရိုးမ စစ်ဆင်ရေးမှာ ဒုတိယ စစ်ကြောင်းမှူးအနေနဲ့ ပါလာတာပါ” လို့ ပြောပါတယ်။

ဒီနေ့မှာလည်း ပဲခူးရိုးမပေါ်ကို ဗိုလ်မှူးသန့်စင်ဦး ဦးဆောင်ပြီး တပ်ခွဲ ၂ခု အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။