myaelatt athan

Sharing Information to the Local

နိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၉ သိန်းကျော်ထိရှိလာ

0
0

မြေလတ်အသံ၊ ဧပြီ ၂၀၊ ၂၀၂၂။

မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၉ သိန်းကျော် ( ၉၁၂၇၀၀ ) ရှိလာပြီလို့ ကုလသမ္မဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး – UNOCHA က ဧပြီလ ၁၉ ရက်မနေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေအိမ်ကနေ စွန့်ခွာထွက်ပြေးနေကြရသူ ၅ သိန်းကျော် ( ၅၆၆၁၀၀ ) ပါဝင်ပြီး၊ အဲ့ဒီထဲမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းအတွင်းက လူဦးရေ ၃ သိန်းကျော်ပါဝင်ပါတယ်။

လက်ရှိအချိန်မှာ လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်နေသူတွေအနေနဲ့ ဒေသခံမဟာမိတ်တွေကတဆင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေနဲ့ လက်ခံရာရပ်ရွာခံတွေဆီကို အရေးပေါ်ကူညီမှုတွေ လုပ်ဆောင်တဲ့နေရာမှာလည်း သယ်ယူပို့ဆောင်ရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီပေးတဲ့မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း လူဦးရေ ၁.၄ သန်းဆီကို အရေးပေါ်အကူအညီတွေ ပေးထားပြီးပြီလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားရောဒေသတွေမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ပက်သက်တဲ့ အန္တရာယ်တွေမြင့်တက်လာတဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေဟာ မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကိုလည်း မြှင့်တင်ဆောင်ရွက်သွားဖို့ သဘောတူထားကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။