myaelatt athan

Sharing Information to the Local

စစ်မှုထမ်းကြေးပိုက်ဆံကောက်တဲ့ တောင်တွင်းကြီးကကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

တောင်တွင်းကြီး၊ မတ် ၇၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်အုပ်စု၊ ကန်ကြီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ Magway Guerrilla Warfare မကွေးပြောက်ကျားတပ်ဆီက သိရပါတယ်။

သေဆုံးသူမှာ ကန်ကြီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၅ ဝန်းကျင်အရွယ် ဝင်းသန်း ဖြစ်ပြီး မတ် ၆ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ၎င်းရဲ့နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ သူ့နယ်အတွင်း နေအိမ်မှာပင်ရှင်းလင်းခဲ့တာ။ ၄ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ပေါင် ၂ ချက်၊ ဦးခေါင်း ၂ ချက်ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာ။” လို့ Magway Guerrilla Warfare မကွေးပြောက်ကျားတပ်တာဝန်ခံ ကံကြီးမောင်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဝင်းသန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ပြည်သူတွေဆီက လစဉ်စစ်မှုထမ်းကြေးကောက်ခံတာတွေ လုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် ပရပ်ကြယ်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားတဲ့ကံကြီးကုန်းရွာကိုထွက်လာခဲ့ပေမယ့် ရွာအထိရောက်မလာဘဲ လမ်းကနေ ပရပ်ကြယ်ရဲစခန်းကို ပြန်လှည့်သွားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်၊ Dragon King People’s Defence Forceနဲ့ နဂါးမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တွင်းကြီးတို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်း‌ကျေးရွာ စစ်တပ်ဂိတ်အနီးအရက်ဆိုင်ဖွင့်ကာ စစ်ကောင်စီတပ်ဖွဲ့နဲ့ပူးပေါင်းပြီး လမ်းသွားလမ်းလာတွေကို ဆက်ကြေးကောက်တယ်လို့ နာမည်ကြီးတဲ့ လင်မယားသေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။