myaelatt athan

Sharing Information to the Local

ပဲခူးရိုးမပတ်လမ်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ဦး မိုင်းထိသေဆုံး

0
0

ပဲခူး၊ ဧပြီ ၆၊ ၂၀၂၂။

ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်ထဲက ရိုးမပတ်လမ်းကို ဝင်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို တောင်ငူခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပဲခူးတိုင်း PDF တာဝန်ခံဆီက သိရပါတယ်။

ဧပြီလ ၆ရက် ဒီနေ့ မနက် ၆နာရီဝန်းကျင်မှာ တောင်ငူခရိုင် PDF တပ်ရင်း စတင်ဖြစ်ပွားခဲ့ပြီး တိုပ်ပွဲကြာချိန် ၁၀မိနစ်နီးပါးရှိခဲ့တယ်လို့ Bago Region PDF တာဝန်ခံက ပြောပါတယ်။

” သူတို့တက်လာတဲ့ လမ်းကြောင်းမှာ ပဒေသာရှေ့ထွက်မိုင်းဆွဲပြီး ဝိုင်းပစ်တာပါ၊ ပြန် ဆုတ်သွားပါတယ်၊ ကျနော်တို့ဖက်ကလည်း အင်အားမမျှတော့ လျှပ်တပြတ် တိုက်ခိုက်ပြီး ပြန်ဆုတ်တာပါ မျက်မြင် ၄ယောက်ကျသွားပါတယ်၊ မိုင်းဆွဲတဲ့အချိန်ပါသွားတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ခြေလျင်တက်လာတဲ့ အင်အား ၅၀ကျော်ပါတဲ့ စစ်ကြောင်းကို တပ်ခွဲ ၃ တပ်စုမှူး စနိုက်ပါဦးဆောင်တဲ့ YPDF တပ်ဖွဲ့တွေက ရေတာရှည်မြို့နယ် မရိုးခုံကျေးရွာ မြောက်ဘက် စိန်တောင်လမ်း မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ ခရိုင် PDF တို့ အခုလ ၆ရက်အတွင်းမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး အသေးစားတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။