20 February 2026 6:12 AM

တောင်ငူမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲ ၂ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၈ဦးသေဆုံး

0 4
0 4

တောင်ငူ၊‌ ဧပြီ ၁၊ ၂၀၂၂။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တို့ ၂ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၈ဦးသေဆုံးထားတယ်လို့ Bago Region PDF ဆီက သိရပါတယ်။

တောင်ငူမြို့နယ် ဆိတ်မြောင်ကျေးရွာ အထက်နားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်အင်အား ၅၀ပါ အဖွဲ့ကို တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ တပ်ခွဲ၁ က စောင့်ပြီးတိုက်ခိုက်ခဲ့လို့ အဲ့ဒီတကြိမ်မှာ စစ်ကောင်စီတပ်သား ၂ဦးသေဆုံးခဲ့တာ ဖြစ်တယ်လို့ ပဲခူးတိုင်း PDFအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

” ပထမတိုက်ပွဲ စခ ၂ ကောင် သေပါတယ် အတည်ပြုပြီးပါပြီ၊ ဒုတိယပွဲကတော့ မျက်မြင်အနေနဲ့ ထိခိုက်မှုများပါတယ်၊ စာရင်းအတည်ပြုချက်စောင့်နေပါတယ်၊ ဒုတိယတိုက်ပွဲ မျက်မြင် ၆ယောက်ကျ ဒီထက်ပိုနိုင်ပါတယ်” လို့ တိုင်းတာဝန်ခံ တယောက်က ပြောပါတယ်။

ဒုတိယအကြိမ်တိုက်ပွဲက ဒီနေ့ ညနေ ၅နာရီဝန်းကျင်မှာ ထပ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ ကပဲ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ၆ဦး သေဆုံးတာ အတည်ပြုထားနိုင်ပြီး စာရင်းတိုးနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

” ဒုတိယအကြိမ်မှာ ပဒေသာမိုင်း မိပြီး လက်နက်ငယ်နဲ့ ဝိုင်းချေမှုန်းလို့ စခ ထိခိုက် သေဆုံးမှု များပါတယ်၊ တိုက်ပွဲအပြီး စကစဘက်က လေယာဉ်၁စီးလာပါတယ်၊ ပထမပွဲက မြန်ပါတယ် ပစ်ပြေး မိနစ် အနည်းငယ်၊ ဒုတိယပွဲက မိုင်းဆွဲ ​ချေမှုန်း နာရီဝက်ကျော်ကြာပါတယ်” လို့ Bago Region PDF တာဝန်ခံက ပြောပါတယ်။

ဧပြီလ ၁ရက်ဒီနေ့ တရက်တည်း စစ်ကောင်စီနဲ့ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁တို့ တောင်ငူမြို့နယ် အတွင်းက ဆိတ်မြောင်ကျေးရွာ ဒေသတဝှိုက် ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားပြီး နောက်ဆွဲသေဆုံးမှုတွေကို အတည်ပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။