myaelatt athan

Sharing Information to the Local

ပဲခူးခရိုင် PDF က တရက်တည်း စစ်ကောင်စီကို ၂ကြိမ်တိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၇ဦးသေဆုံး

0
0

မြေလတ်အသံ၊‌ မတ် ၃၀၊ ၂၀၂၂။

ပဲခူးခရိုင် PDF အနေနဲ့ ဒီနေ့ တရက်တည်းမှာ စစ်ကောင်စီကို ၂ကြိမ်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၇ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၇ဦးနီးပါး ရှိခဲ့ပါတယ်။

မတ်လ ၃၀ ဒီနေ့ မနက် ၅နာရီဝန်းကျင်မှာ ညောင်လေးပင်မြို့နယ်မှာ စိုက်ပျိုးရေးချေးငွေလာကောက်တဲ့ စစ်ကောင်စီကားကိုမိုင်းဆွဲခဲ့ပြီး ညနေ ၄နာရီကျော်မှာ အမြန်လမ်းက စစ်ကောင်စီဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

” ဒီနေ့ ညောင်လေးပင်နဲ့အမြန်လမ်း ၂ခုပါ ခင်ဗျ၊ အမြန်လမ်း ၅၂ မိုင်က စကစဂိတ် ကို ပဲခူးခရိုင် PDF တပ်ရင်း(၁) ခွဲ(၁) က တပ်ဖွဲ့ဝင်တွေ က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ ခင်ဗျ၊ ပစ်ခတ်မှုတော့ မဖြစ်ပါဘူး” လို့ Bago Region PDF က ပြန်ကြားရေးက တာဝန်ခံက ပြောပါတယ်။

ညောင်လေးပင်မြို့ တိုက်ခိုက်မှုမှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင် ရာအိမ်မှူး ၂ဦးနဲ့ ရဲ တဦး စုစုပေါင်း ၄ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃ဦးက အခုညပိုင်းမှာ သေဆုံးခဲ့တယ်လို့ Bago Region PDF က ပြောပါတယ်။

“သေဆုံးမှုကပွဲချင်းပြီးတယ်ဗျ။ ညောင်လေးပင်က နောက်ထပ် ၃ ယောက်ဒီညထပ်သေပါတယ်” လို့ ပြန်ကြားရေး တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ညောင်လေးပင်မြို့နယ်ထွေအုပ်မှ ထူးစေး၊ ရာအိမ်မှူး ကုလား ခေါ် တင်စိုး၊ ပြည်တော်အေးပိုင်း ရာအိမ်မှူးနိုင်ဝင်းနှင့် ရခ တစ်ကောင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပါသည်။ ထို့ပြင် ပေါက်ကုန်းလေးအုပ်ကြီး၊ အနောက်ပိုင်းရွှေကျိုး မြင့်လွင်နှင့် အခြား ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါသည်။ လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အမြန်လမ်းက စစ်ကောင်စီဂိတ်တိုက်ခိုက်မှုမှာ စစ်သားအင်အား ၆ဦးရှိတဲ့ ဂိတ်ကို မိုင်းဆွဲခဲ့တာဖြစ်ပြီး နောက်ထပ်ရောက်လာတဲ့ စစ်ကားတစီးပါ တိုက်ခိုက်ခံရလို့ ကားတခြမ်း ပျက်စီးပြီး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

” ပြည်သူတွေအနေနဲ့ စကစ များနဲ့နီးစပ်တဲ့နေရာတွေကိုရှောင်ကြဖို့နဲ့ ပတ်သက်ဆက်ဆံတာမျိုးမလုပ်ကြဖို့မှာချင်ပါတယ်။ ကျနော်တို့စကစ ကိုအရှိန်ဟုန်မြှင့်တိုက်ခိုက်တဲ့အခါ ပြည်သူတွေရှိနေရင် ထိခိုက်မှုတွေဖြစ်မှာစိုးရိမ်လို့ပါ” လို့ Bago Region PDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အမြန်လမ်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ဦး ထိခိုက်ခဲ့ပြီး ညောင်လေးပင်မြို့နယ် တိုက်ခိုက်မှုမှာ မနက်ပိုင်း ၄ဦးပွဲချင်းပြီး သေဆုံးပြီး ညပိုင်းမှာ ၃ဦးထပ်ပြီးသေဆုံးခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။