သေဆုံးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကိုပါ စစ်ကောင်စီ ချိတ်ပိတ်

0 3
0 3

ပဲခူး၊‌ မတ် ၂၉၊ ၂၀၂၂။

ပဲခူးတိုင်း ပြည်မြို့နယ် တမ္မကောက်အုပ်စု တီတွတ်စံပြရွာက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးသက်ဝင်းလှိုင်ရဲ့ နေအိမ်ကို စစ်ကောင်စီက ဒီနေ့ ညနေပိုင်းမှာ ချိတ်ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။

ချိတ်ပိတ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ နှစ် မေလ ၃ရက်က တော်လှန်‌ရေးလုပ်ငန်းဆောင်ရွက်နေစဥ် မတော်တဆမှုတခုကြောင့် ကျဆုံးသွားခဲ့သူဖြစ်ပြီး ဒီနေ့မှာ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်တာကြောင့် ကျန်ခဲ့တဲ့ မိသားစုတွေဟာ အိမ်ငှားပြီး နေနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” သူ့မိသားစုက လက်ရှိအိမ်ငှားပြီး နေနေရတယ် သားလေးရယ် သမီးလေးရယ် အမျိုးသမီးရယ်ပေါ့၊ သူတို့က အရမ်းကြောက်နေကြတယ်” လို့ ‌မိသားစုနီးစပ်သူ တဦးက ပြောပါတယ်။

ဥပဒေမဲ့ အာဏာသိမ်းပြီး ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့ စစ်ကောင်စီကိုတော့ ပြောစရာ စကားမရှိပေမယ့် ကျန်နေခဲ့တဲ့ မိသားစုအတွက် ဒီလုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

” ဖခင်တယောက် ‌သေဆုံးထားလို့ ပူဆွေးသောကရောက်နေရတဲ့ သားသမီးတွေနဲ့ ခင်ပွန်းကို ဆုံးရှုံးထားလို့ သောကရောက်နေရတဲ့ ဇနီးသည်တွေ အတွက်ကို တော်တော်လူမဆန်တဲ့ လုပ်ရပ်ပေါ့ “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပြည်မြို့ ခေတ္တရာမြို့သစ် ၁လမ်းထိပ်က မိုဘိုင်းကမ္ဘာ ဖုန်းဆိုင်ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပြီး ကပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။