ကလေးမြို့မှာ CDM ကျောင်းဆရာမ တဦးကို စစ်ကောင်စီဖမ်းဆီး

0 3
0 3

စစ်ကိုင်း၊ မတ် ၂၆၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မတ်လ ၂၅ ရက်မနေ့က CDM လှုပ်ရှားမှုပါဝင်တဲ့အလယ်တန်းပြ ကျောင်းဆရာမတဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်သစ္စာရပ်ကွက် အမှတ် ၂ အလယ်တန်းကျောင်းခွဲ မှာ တာ ဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်အေးမွန်ဖြစ်ပြီး၊ မနေ့က ညနေ ၅ နာရီလောက်မှာ အဲ့ဒီကျောင်းအနီးက သူနေတဲ့နေရာမှာပဲ အဖမ်းခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကညနေ ၅ နာရီလောက်က ဖမ်းသွားတာ၊ သတင်းပေး အတိအကျရှိလို့ ဖြစ်မယ်၊ အင်အားက ကား ၄ စီးနဲ့လာတာ၊ အမျိုးသမီးတွေရောပါတယ်” လို့ သူကပြောပါတယ်။

ဆရာမ ဒေါ်အေးမွန်ဟာ အခြားဒေသကနေ တာဝန်အရ အောင်သစ္စာရပ်ကွက်အမှတ် ၂ အလယ်တန်းကျောင်းခွဲအနီးက အဆောင်မှာ အာဏာမသိမ်းခင်ကတည်းက နေထိုင်နေတာလို့ သိရပြီး၊ သူ့ကို စစ်ကောင်စီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ ( ကလေး) ကို ဖမ်းဆီး ခေါ်ဆောင်သွား တယ်လို့လည်း ဒေသခံတဦးက ဆက်ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး လက်ရှိအချိန်ထိ ကလေးမြို့အတွင်းက စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရသူ ၄၀၀ ကျော်ရှိတယ်လို့လည်း ကလေးမြို့ပင်မသပိတ်အင်အားစု တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။