myaelatt athan

Sharing Information to the Local

တပ်မ ၉၉ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံ

မြေလတ်အသံ၊ မတ် ၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ် တပ်မ ၉၉ မှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးက မတ်လ ၇ ရက်မှာ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီကို လက်နက်ခဲယမ်းတွေယူပြီး ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

“အမည်ကတော့ သူ့လုံခြုံရေး သူ့မိသားစုအနေအထားကြောင့် ပြောလို့အဆင်မပြေလို့ပါ။ သူကတော့ တပ်ထဲမှာ မနေချင်တာပါပဲ၊ ပြည်သူ့ဘက်မှာနေချင်တယ်၊ ပြည်သူ့ဘက်ကို ခိုလှုံချင်တယ်။ ကျနော်တို့ တပ်ရင်းနဲ့ပူးပေါင်းပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာရှိပါတယ်”လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ဇာမဏီက ပြောပါတယ်။

အဆိုပါတပ်ဖွဲ့ဝင်အနေနဲ့ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ဖို့ ဆန္ဒရှိတာကြောင့် တပ်ရင်းမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ဖို့ စီစဉ်ပေးထားပေးထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သူ့ကို ရှေ့တန်းမှာပဲဖြစ်ဖြစ် နောက်တန်းမှာပဲဖြစ်ဖြစ် ထားဖို့တော့စီစဉ်ထားပါတယ်။ နောက်ပြီးတော့ ထောက်ပို့အပိုင်းတွေ ရုံး‌ပိုင်းဆိုင်ရာတွေ ဆေးဘက်ဆိုင်ရာတွေရှိတာကြောင့် သူတဖက်ဖက်မှာ ပါဝင်မှာ”လို့ တပ်ရင်းမှူးဗိုလ်ဇာမဏီက ပြောပါတယ်။

တပ်မ ၉၉ က တပ်သားတဦးဘက်ပြောင်းလာချိန်မှာ MA 1 ၁ လက်၊ ကျည် ၉၆ တောင့်၊ ကျည်ဘောက် ၃ ခု၊ ရေဗူး ၁ ဗူး၊ အီကွေ့မန့် ၁ ခု၊ အင်္ကျီ ၁ ထည်၊ စစ်ဖိနပ် ၁ ရံ တို့ကိုယူဆောင်လာနိုင်တာကြောင့် တပ်ရင်းအနေနဲ့ ဆုချီးမြှင့်ပေးခဲ့တယ်လို့ အထက်ပါတပ်ရင်းမှူးက ပြောပါတယ်။

အထက်ပါစစ်ကောင်စီတပ်သားဟာ မင်းဘူးမြို့နယ်အခြေစိုက် မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းအဖွဲ့ဆီကိုဘက်ပြောင်းခိုလှုံလာတဲ့ ပထမဆုံးသူဖြစ်တယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။