myaelatt athan

Sharing Information to the Local

နတ်တလင်းက ဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သေးသူ ၇ ဦးကို အကြမ်းဖက်မှု ဥပဒေနဲ့ စွဲချက်တင်

0
0

ပဲခူး၊ မတ် ၁၈၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံလိုက်ရတဲ့ အသက်မပြည့်သေးတဲ့လူငယ် ၇ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ( က / ခ ) နဲ့ စွဲချက်တင်လိုက်ပါတယ်။

အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ ယောက်ျားလေး ၂ ဦးနဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး ၃ ဦးဖြစ်ပြီး၊ သူတို့ကို နတ်တလင်းမြို့နယ်တရားရုံးမှာ မတ်လ ၁၇ ရက် မနေ့က စွဲချက်တင်လိုက်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ နတ်တလင်းတရားရုံးမှာ မနေ့က ၁၇ ရက်နေ့က အသက် ၁၅ နှစ်အရွယ် မခင်ငြိမ်းချမ်း၊ မမှူးမြတ်ကိုကို၊ မောင်ရဲရင့်ထက်၊ မောင်အာကာဖုန်းမြတ် တို့ ၄ ဦး နဲ့ ၁၇ နှစ်အရွယ် မစုနှင်းရည်အောင်၊ မသိမ့်သိမိမ့်မိုး၊ မမြတ်သူထက်တို့ စုစုပေါင်း ၇ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က/ခ) တို့နှင့် စွဲချက်တင် လိုက်ပါတယ်၊ “ လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိကာလမှာတော့ စစ်ကောင်စီက သူတို့ကိုဆန့်ကျင်တဲ့ မည်သူမဆို မထင်ရင်မထင်သလို အကြမ်းဖက်ဖမ်းဆီး တာတွေလုပ်နေတဲ့အပြင် အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုပါ ဖမ်းဆီး သတ်ဖြတ်တာတွေထိပါ လုပ်ဆောင်လျှက်ရှိနေပါတယ်။

နိုင်ငံရေးအကျဥ်းသာများကူညီစောင့်ရှောက်ရေးအဖွဲ့ – AAPP ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်အထိ ဖမ်းဆီးခံထားရသူ ၉၇၄၅ ဦးထဲမှာ ၈၄၆ ဦးက ပြစ်ဒဏ်ချမှတ်ခံထားရပြီး၊ အဲ့ဒီထဲမှာ ၁၈ နှစ်အောက် ကလေးငယ် ၂ ဦးပါဝင်တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။