myaelatt athan

Sharing Information to the Local

ရွှေဘို ဆိပ်ခွန်ရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူငယ်ရုပ်အလောင်း ၃ လောင်းတွေ့

0
0

စစ်ကိုင်း၊ မတ် ၁၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရဲစခန်းရဲ့အနောက်ဘက်က လယ်ကွင်းထဲ သေနတ်ကျည်ဆံထိမှန်ထားလို့ သေဆုံးနေတဲ့ လူငယ်ရုပ်အလောင်း ၃ လောင်းကို မတ်လ ၁၃ ရက် ဒီကနေ့မနက် ၇ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်ဝန်းကျင်အရွယ် ၂ ယောက်နဲ့ အသက် ၂၀ ကျော်တဦးအပါ အမျိုးသား ၃ ဦးဖြစ်ပြီးသေနတ်မှန်ထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ သိရပါတယ်။

“မနေ့ကမုံရွာ-ရွှေဘိုကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီက စစ်ဆေးတာတွေ လုပ်ကြတယ်။ လူတွေလည်းဖမ်းတယ်။ ညကျတော့ သေနတ်သံတွေကြားတယ်။ ပစ်သတ်ပြီးမှပဲ လာပစ်သလား အဲနေရာရောက်မှ ပစ်သတ်သလားတော့ မသိဘူး။ ဘယ်သူမှလည်း ထွက်မကြည့်ကြဘူး။ အလောင်းတွေ့တဲ့နေရာနဲ့ ရဲစခန်းကနီးနီးလေးရယ် သေတဲ့သူတွေက ဆိတ်ခွန်ရွာကတော့ မဟုတ်ဘူး အသက် ၁၇ နှစ် ၁၈ နှစ်အရွယ်က နှစ်ယောက် တယောက်က ၂၀ ကျော်လောက်အရွယ်တွေပါ” လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးသလို၊ အလောင်းတွေကို လာသယ်မယ့်သူမရှိသေးတာကြောင့် အခုအချိန်အထိ အဲဒီနေရာမှာပဲ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။