myaelatt athan

Sharing Information to the Local

ထီးလင်းမှာ CDM ရဲတပ်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

0
0

မကွေး၊ မတ် ၁၁၊ ၂၀၂၂။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်စေဖို့နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့အတွက် ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို မတ်လ ၁၁ ရက် ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

လက်ရှိအချိန်မှာ ထီးလင်းမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်အတွင်းက CDM ရဲတပ်သား ၂၀ ဦးနဲ့သာ ဖွဲ့စည်းထားတာဖြစ်ပြီး၊ အင်အား ထပ်တိုးဖို့လည်းရှိတယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ – ထီးလင်း တာဝန်ခံက ပြောပါတယ်။

“ အကုန်လုံးကတော့ ၂၀ ပါ၊ နောက်ထပ်တိုးဖို့လည်း ရှိပါတယ်။ အကုန်လုံးကတော့ ထီးလင်းနယ်ထဲက ရဲတပ်ဖွဲ့တွေပါသလို ဂန့်ဂေါဘက်က တပ်ဖွဲ့ဝင်တွေလည်း ပါတယ်၊ ကျနော်တို့ ထီးလင်းနယ်ထဲမှာ လာပြီး ခိုလှုံနေတဲ့ တပ်ဖွဲ့ဝင်တွေပါ၊ “ လို့ သူကပြောပါတယ်။

ထီးလင်းနယ်အတွင်း ရဲအရေးပိုင်းကိစ္စတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လလောက်ကတည်းက စတင်လုပ်ဆောင် လာတာဖြစ်ပြီး၊ လိုအပ်တဲ့ အင်အားရရှိတဲ့အချိန်ကျမှ ခုလို ဖွဲ့စည်းကြောင်းကြေငြာလိုက်တာဖြစ်တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ – ထီးလင်း တာဝန်ခံက ပြောပါတယ်။

“ ထီးလင်းနယ်ထဲမှာ အရင်ကတည်းက ရဲနဲ့ပတ်သက်တဲ့ ကိစ္စတွေကို CDM ရဲတွေကို လွှဲထားပေးတယ်၊ ခိုးမှု ၂ မှုဖော်ထုတ်ခဲ့ပြီးပြီ၊ သစ်တွေကိုလည်း ဖမ်းဆီးတာ လုပ်ခဲ့ပြီးပြီ၊ ၇ လပိုင်းလောက်က စတင်လုပ်ဆောင်ခဲ့တာ၊ အင်အားက ခုလောက်ထိ မရသေးတဲ့အတွက်ကြောင့် မကြေညာခဲ့တာ၊ “ လို့ သူကပြောပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ လက်ရှိအချိန်မှာလည်း ထီးလင်းနယ်အတွင်း တရားမဝင်သစ်လုပ်ငန်းတွေကို စစ်ဆေးဖော်ထုတ်ရေး၊ ခိုးမှုတွေကို စုံစမ်းဖော်ထုတ်ရေး၊ လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ ပြစ်မှုဆိုင်ရာ ဖော်ထုတ်အရေးယူမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်နေတယ်လို့လည်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ – ထီးလင်း က သတင်းထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။