myaelatt athan

Sharing Information to the Local

မဲလိမ်၊ မဲခိုးကြောင်းဝန်ခံဖို့ စစ်ကောင်စီရဲ့ ညှိနှိုင်းမှုကို လက်မခံတဲ့ သာယာဝတီအမတ်ကို ထောင် ၃ နှစ်ချ

0
0

မြေလတ်အသံ၊ မတ် ၉၊ ၂၀၂၂။

ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးပြီး ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးကြောင်း လက်မှတ်ရေထိုးပေးဖို့ စစ်ကောင်စီက ညှိနှိုင်းတာကို လက်မခံတဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့က ရွေးချယ်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကို မတ်လ ၈ ရက် မနေ့ကမနက်ပိုင်းက သာယာဝတီထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဦးကျော်ကိုကိုစိန်ဆိုသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ သာယာဝတီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးချယ်ခံရသူဖြစ်တယ်လို့ သိရပါတယ်။

“သူက ၂၀၂၀ မှာ ရွေးချယ်ခံရတာပါ။ လွန်ခဲ့တဲ့ ၄ လလောက်က ဖမ်းဆီးခံရတာပါ။ မနေ့ကသူကို ပုဒ်မ ၅၀၅ နဲ့ထောင်သုံးနှစ်ချခဲ့ပါတယ်။ ပြီးတော့ စာရွက်အလွတ်ပေါ်မှာလည်း လက်ပွေရာတွေ အတင်းအဓမ္မနှိပ်ခိုင်းပါတယ်” လို့ ဦးကျော်ကိုကိုစိန်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် နောက်နောင် NLD ပါတီနဲ့ ပတ်သက်ခြင်းမရှိဖို့နဲ့ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးတာ မှန်ကန်ကြောင်းလက်မှတ်ထိုးပေးဖို့ ညှိနှိုင်းတာကိုလည်း ကိုကျော်ကိုကိုစိန်က ငြင်းဆိုခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုလာမယ့်သောကြာနေ့မှာလည်း သာယာဝတီထောင်တွင်းက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထားသူအချို့ကို အမိန့်ချသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။