myaelatt athan

Sharing Information to the Local

ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း မင်းသွေးသစ် အင်းစိန်ထောင်မှ လွတ်မြောက်၊ ကျန်းမာရေးမကောင်းဟု မိသားစုဝင်ပြော

0
0

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ကတည်းက ဖမ်းဆီးခံရပြီး ထောင်ကျခဲ့တဲ့ ‌ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးဟောင်း ကိုမင်းသွေးသစ် ဒီကနေ့မနက် ထောင်က လွတ်မြောက်ခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်က ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကိုမင်းသွေးသစ် ပြန်လွတ်လာခဲ့ပေမယ့် ကျန်းမာရေးအခြေအနေ မကောင်းဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

“လွတ်ပါပြီ သူနဲ့အခုတွေ့နေတာပါ ကျန်းမာရေး သိပ်မကောင်းလာဘူး၊ ခါးနာတာ ၊ အစာအိမ်အူလမ်းကြောင်းပြဿနာနဲ့ မျက်စိပြဿနာတွေ ဖြစ်လာတယ်”လို့ ပြောပါတယ်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၉၅ ဘနဲ့ ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရပြီ လွတ်မြောက်လာတာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။