myaelatt athan

Sharing Information to the Local

ပေါက်မြို့နယ်မှာ စစ်ကောင်စီကို လိုက်ကြည့်တယ်ဆိုတဲ့ ‌အချက်နဲ့ ပြည်သူ ၁ဦး သတ်ခံရ

0
0

မကွေး၊ ဇန်နဝါရီ ၂၇၊၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာတခုက အသက် ၄၀ဝန်းကျင် အမျိုးသားတဦးကို စစ်ကောင်စီက သူတို့ကို လိုက်ကြည့်လို့ဆိုတဲ့ အချက်နဲ့ သတ်ပြီး သုဿန်မှာ ပစ်ထားခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ရက် မနေ့က နေ့လယ် ၂နာရီဝန်းကျင်က သတ်ခံလိုက်ရတာဖြစ်ပြီး အမျိုးသား ၂ဦးကို လည်း အကြောင်းမဲ့ဖမ်းသွားတယ်လို့ ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

” ဘာကြောင့်လဲဆိုရင် သူကတဲ့ သူတို့နောက်ကို လိုက်ကြည့်လို့ဆိုပြီးမှ သတ်သွားတာ၊ ၂နာရီဝန်းကျင်လောက်မှာ သတ်ပစ်ခဲ့ပြီး ၆နာရီဝန်းကျင်လောက်မှာ အလောင်းကို ဒီတိုင်း သုဿန်မှာ ပစ်ခဲ့တာ၊ အခုအထိရွာထဲကို ဘယ်သူမှ မဝင်ရဲလို့ မမြှုပ်ရသေးဘူး” လို့ ပြောပါတယ်။

အဲ့ဒီမတိုင်ခင် ဇန်နဝါရီ ၂၃၊၂၄ ‌ရက်တွေကတည်းက ပေါက်မြို့နယ်ထဲက ရွာတွေကို တရွာပြီးတရွာ စစ်ကြောင်းထိုးဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေကို ခြိမ်းခြောက်ပြောဆိုတာတွေလုပ်ပြီး ပျူစောထီးတွေက NLD အမာခံအိမ်တွေကို ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ပျူတွေပေါင်းပြီးတော့ ည ၁၁ နာရီဝန်းကျင်မှာ FAW ကား ၁ စီးနဲ့ဝင်လာပြီး အမျိုးသားတွေမှန်သမျှပစ်သတ်မယ်လို့ခြိမ်းခြောက်တယ်၊ ရွာကိုလာတဲ့ ပျူ ၂၀ နှင့်ရွာမှာရှိတဲ့ပျူ ၃၀ ရယ်ဆို ၅၀ ဝန်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။

အသက် ၄၀ အရွယ် ဦးစန်းမြိုင်အသတ်ခံရတဲ့ အပြင်၊ NLD အမာခံ အိမ် ၁၀အိမ်ကိုပါ ဖျက်ဆီးခံခဲ့ရတဲ့ ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာမှာ လူဦးရေ ၅၀၀ နီးပါးနေထိုင်ပြီး ပျူစေထီးတွေရွာထဲမှာ ရှိနေသေးလို့ ၂၀၀ ကျော်‌လောက်က ရွာထဲမှာ မနေရဲကြပဲ ရှောင်နေကြရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။