myaelatt athan

Sharing Information to the Local

လွှတ်တော်ကိုယ်စားလှယ်ရဲ့ သက်ကြီးရွယ်အို‌ မိဘဆွေမျိုးတွေကို နှင်ချပြီး နေအိမ်ကို ချိတ်ပိတ်

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၉၊ ၂၀၂၂။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည် ရဲ့ သက်ကြီးရွယ်အို အိပ်ယာထဲလဲနေတဲ့ အဖေနဲ့ အဒေါ်ဖြစ်သူကို အားချင်း နှင်ချပြီး နေအိမ်နဲ့ လုပ်ငန်းကို ဇန်နဝါရီ ၁ရက်က ချိတ်ပိတ်သွားခဲ့တာဖြစ်တယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။

အဲ့ဒီ သက်ကြီးပိုင်း နှစ်ဦးဟာ မဖြစ်မနေ ဘေးမှာနေပြီး စောင့်ရှောက်ပေးဖို့ လိုအပ်နေသူတွေ ဖြစ်ပြီး အဲ့ဒီလူတွေကိုပါ ချက်ချင်းနှင်ချခဲ့ပြီး ချိတ်ပိတ်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” အိမ်က ဆရာမ အမည်ပေါက် ဟုတ်တယ်၊ မိသားစုပိုင်နေအိမ်ပေါ့ ၊ အဲ့ဒီမှာ ဆရာမ ရဲ့ အဖေက အသက် ၉၀ပေါ့၊ လေဖြတ်ထားလို့ အိပ်ယာထဲမှာ လှဲနေရတာဖြစ်တယ်၊ ဆရာမရဲ့ အဒေါ်ကလည်း အသက် ၈၀ အရိုးကျည်းပေါင်းကြောင့် ပက်လက်ပဲ ဖြစ်တယ်၊ သူတို့ကို ပြုစုစောင့်ရှောက်ရတဲ့ ဆရာမရဲ့ တူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကချိတ်ပိတ်ခဲ့တဲ့ KS2K ရေသန့်စက်ရုံဟာလည်း ဒေါ်ခင်စိုးစိုးကြည်ရဲ့ အစုရှယ်ရာ မပါဝင်တော့ပဲ မောင်ဖြစ်သူနဲ့ အများပိုင် လုပ်ငန်းကို ချိတ်ပိတ်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” စီးပွားရေးအရ နောက်နောင် ဘယ်သူမှ မပတ်သက်ရဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ၊ ဆရာမ မပိုင်တော့မှန်းသိသိနဲ့ အများပိုင်းမှန်း သိရဲ့နဲ့ အိမ်ကို ချိတ်ပိတ်ရင်းနဲ့ ရောပြီးချိတ်ပိတ်ခဲ့တာဖြစ်တယ်” လို့ ‌ဒေါ်ခင်စိုးစိုးကြည်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ရေသန့်စက်ရုံက ဝန်ထမ်း ၃၀ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့သလို နေအိမ်ချိတ်ပိတ်ခံခဲ့ရတဲ့ မိသားဝင်တွေကတော့ ဆွေးမျိုးအိမ်မှာ သွားနေခဲ့ရပြီး လုပ်ငန်းပိုင်ရှင်တွေကတော့ ဥပဒေကြောင်းအရ ဖြေရှင်းနေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။