ပဲခူးမြို့က ဗကသခေါင်းဆောင် ကိုမျိုးကိုကိုရဲ့ နေအိမ်ကိုစစ်ကောင်စီ ချိတ်ပိတ်

0 3
0 3

ပဲခူး၊ ဇန်နဝါရီ ၄၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဗကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမျိုးကိုရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၃ ရက်နေ့ ဒီကနေ့မှာ ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နှစ်သစ်မှာတော့ အိမ်ကိုသော့ခတ်တာကနေ ချိတ်ပိတ်တဲ့အဆင့်ကို တဆင့်တိုးသွားတယ်။ တော်လှန်ရေးမှာပါဝင်နေတဲ့သူတိုင်းဟာ ပေးဆပ်မှုပေါင်းစုံနဲ့ ပေးဆပ်ပြီး၊ ဒီပွဲကိုတိုက်ယူနေကြတာပါ။ အောင်ပွဲကိုလည်းတန်းတူခံစားချင်မိပါတယ်” လို့ ကိုမျိုးကိုကိုက သူရဲ့လူမူ့ကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကစတင်ပြီး သူရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ကျော်နဲ့ လာရောက်ရှာဖွေပြီး အိမ်ထဲမှာရှိတဲ့ ရွှေထည်ပစ္စည်းတချို့နဲ့ အိမ်ထဲက တန်ဖိုးကြီးတဲ့အရာတွေကို သိမ်းယူသွားခဲ့တယ်လို့လည်း သိရပါတယ်။

မကြာခဏဆိုသလို စစ်ကောင်စီတပ်တွေက နေအိမ်ကို လာရာက်စစ်ဆေးမှု‌တွေ ၁၀ ကြိမ်ထက်မနည်း ပြုလုပ်လေ့ခဲ့ပြီး၊ အိမ်ကိုသော့ခတ်ခဲ့တယ်လို့လည်း မိသားစုနဲ နီးစပ်သူတွေ
ကပြောပါတယ်။

ကိုမျိုးကိုကိုဟာ မြန်မာအစ္စလာရ် လူငယ်တဦးဖြစ်ပြီး သူရဲ့အကိုဝမ်းကွဲတဦးမှာလည်း ဧပြီလ ၉ ရက်နေ့က သူတို့အိမ်ရဲ့ လမ်းထိပ်မှာပဲစစ်တပ်ရဲ့အနီးကပ်ပစ်သတ်ခြင်းကြောင့် ကျဆုံးခဲ့ရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။