myaelatt athan

Sharing Information to the Local

ဗကသဟောင်း ကိုမင်းသွေးသစ်ကို ထောင်ဒဏ် တစ်နှစ်ချမှတ်

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၁။

အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ရက်ကစပြီး ဖမ်းခံလိုက်ရတဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း (တွဲဖက်အတွင်းရေးမှူး) ဖြစ်သူ ကိုမင်းသွေးသစ်ကို စစ်ကောင်စီက ပုဒ်မ ၉၅နဲ့ ထောင်ဒဏ် ၁နှစ်ချမှတ်လိုက်ပါတယ်။

ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၉၅ နဲ့ အင်းစိန်ထောင်တွင်း တရားရုံးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အမိန့်ချခံရတဲ့ အပေါ်မှာ တစုံတရာ မှတ်ချက်ပေးမှာမဟုတ်သလို စစ်ကောင်စီရဲ့ တရာရေးကိုလည်း မယုံကြည် အသိအမှတ်မပြုဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မင်းဟန်ထက်က ပြောပါတယ်။

” ထောင်ဒဏ်ကို ၇ရက်ပဲ ချချ တစ်နှစ်ပဲချချ၊ ၁၀နှစ်ပဲ ချချ ဒါဟာ ဘယ်နည်းနဲ့မှ တရားမျှတစွာချနေတာ မဟုတ်ဘူးဆိုတာ ကျနော်တို့တင် မဟုတ်ဘူး ပြည်သူတရပ်လုံးကလည်းသိတယ်” လို့ ကိုမင်းဟန်ထက်က ဆိုပါတယ်။

ပုတ်ပွပျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့ တရားရေးမဏ္ဍိုင်ကို ပြည်သူတွေလည်း အသိအမှတ်မပြုဖို့နဲ့ ထောင်ချခံလိုက်ရတဲ့ ကိုမင်းသွေးသစ်ကိုယ်တိုင်ကလည်း ဖမ်းဆီးခံနေရတဲ့ ၁၁ လကျော် ကာလတလျှောက်လုံး တရားရေးကို သပိတ်မှောက်ခဲ့ပြီး ဖြစ်တယ်လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။