myaelatt athan

Sharing Information to the Local

PDF တွေတီထွင်ထားတဲ့ ရေမြုပ်မိုင်းနဲ့ စစ်ကောင်စီရေယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်‌ကောင်စီရေယာဥ်ကို KPDF-၊ KLG PDF၊ DRPA ညီနောင်မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ရေမြုပ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရေယာဥ်ဟာ ဒီကနေ့မပိုင်းက မဲဒင်ရွာ ကျွန်းခုံအနီးမှာ နစ်မြုပ်သွားတယ်လို့ Kani People’s Defense Force- KPDF-1ခေါင်းဆောင် ကိုဂျီက မြေလတ်အသံကို ပြောပါတယ်။

“မနေ့က မိုင်းခွဲတာဟာ ဝမ်းဗိုက်ပေါက်ပြီးမှ ဒီနေ့မှ နစ်မြုပ်တာပါ။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ကျော်လောက်ပါ ပါတယ်။ မနေ့က ၁၂ နာရီဝန်းကျင်လောက်မှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ မဲဒင်ရွာ ကျွန်းခုံပေါ်တဲ့နေရာမှာနစ်မြုပ်သွားတာ၊ သေဆုံးမှုတော့ အတိအကျမသိရသေးပါဘူး။ဒဏ်ရာရတဲ့သူကတော့ များတယ်။ ကျနော်တို့ Kani People’s Defense Force- KPDF-1ဦးဆောင်ပြီး Kani People’s Defense Force- KLG၊DRPA မဟာမိတ်အဖွဲ့တွေ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ” လို့ သူကဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကနီဒေသမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်ကပဲ သစ်ခိုးထုတ်လာတဲ့ ကား ၄ စီးကို ကနီ KPDF-1 ဖမ်းဆီးခဲ့သလို၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲထိတွေ့မှု မကြာခဏဖြစ်လေ့ရှိတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။