myaelatt athan

Sharing Information to the Local

သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

0
0

ပဲခူး၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ကျော်ကြားနေတဲ့ ဦးဇော်ဝင်းဟာ ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုတီးကုန်းက သဲကုန်းကိုသွားတဲ့ ဇလဲ့ရွာနားမှာ သေနတ်အတိုနဲ့ ပစ်ခံရပြီးသေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” သူက အာဏာမသိမ်းခင် အရင်ကတည်းက ရဲသတင်းပေး၊ ရဲတွေလာရင် ကြက်ဝိုင်း‌တွေ၊ ၂လုံးဒိုင်တွေကို လိုက်ပြရတယ်၊ အင်ဖော်မာ ဇော်ဝင်းလို့ ခေါ်ကြတယ်၊ သူ့တူ နှစ်ယောက်က ဆင်တဲ က.ပ.စက တပ်ကြပ်ကြီးနဲ့ တပ်သားတွေပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးဇော်ဝင်းကို ဘယ်အဖွဲ့အစည်းက ပစ်သွားတယ်ဆိုတာ မသိရသေးပဲ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်သွားက ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။