myaelatt athan

Sharing Information to the Local

ညောင်ဦးမှာ ထွေအုပ်စာရေးလင်မယား အသတ်ခံရ

‌ညောင်ဦး၊ မတ် ၁၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ယာခင်းအတွင်းအသတ်ခံထားရတဲ့ စစ်ကောင်စီလက်အောက်အထွေထွေအုပ်ချုပ်ရေးဌာနစာရေးနဲ့ ဇနီးဖြစ်သူတို့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေမှာ တောပြားကျေးရွာနေ ငါ့သရောက်မြို့ထွေအုပ်ရုံးစာရေး အသက် ၄၉ နှစ်အရွယ် ဦးသန်းလှိုင်နဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်မမတို့ဖြစ်ပြီး ၎င်းတို့ရုပ်အလောင်းတွေကို တောပြားကျေးရွာအနီးယာခင်းအတွင်း မတ် ၉ ရက် မနက် ၁၀ နာရီကျော်မှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“သူတို့အလောင်းကို ယာခင်းထဲသွားသူတွေက တွေ့ခဲ့တာ။ လင်မယား ၂ ယောက်စလုံးထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ သေတာက ညကတည်းက သေထားတဲ့ပုံစံရှိတယ်။”လို့ ညောင်ဦးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူတွေဟာ လည်ပင်းနဲ့ရင်ဘတ်တွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့ ဒေသခံတွေက ညောင်ဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၆ ရက် ညနေပိုင်းကလည်း ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျွန်းကျေးရွာမှာ နေအိမ်မှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးသားအဖ သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူးသေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။