myaelatt athan

Sharing Information to the Local

အမြန်လမ်းမှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၁၀ ဦးဒဏ်ရာရ

ဖြူး၊ မတ် ၁၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၁၀ ဦးဒဏ်ရာရသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

မတ် ၁၃ ရက်ညနေ ၆ နာရီကျော်ခန့်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ မနောတံခွန်ခရီးသည်တင်ယာဥ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၁၁၇/၃ အရောက်မှာ တိမ်းမှောက်ခဲ့တာလို့ဆိုပါတယ်။

“ကားက အရှိန်မထိန်းနိုင်ဘဲ မှောက်တယ်လို့တော့ သိထားရတယ်။ ကားပေါ်မှာက ၁၃ ဦးပါတာ ၁၀ ဦးဒဏ်ရာရသွားတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုမှာ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ ကလေးငယ် ၁ ဦး စုစုပေါင်း ၁၀ ဦးမစိုးရိမ်ရဒဏ်ရာရသွားပါတယ်။

ယာဥ်တိမ်းမှောက်လို့ ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ အမြန်လမ်းမီးသတ်၊ ဒေသကြက်ခြေနီအသင်းတွေနဲ့လူမှုကူညီရေးအသင်းဝင်တွေက ဖြူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကလည်း ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ပုဂံကနေ ဘုရားဖူးပြန်လာတဲ့ သံဃာတော်တွေလိုက်ပါလာတဲ့ကား လမ်းဘေးထိုးကျလို့ ၃ ပါးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။