ရွှေကျင်မြို့နယ် အမှတ် ၁ ဒေသမှူးအပါ ၃ ဦးကို စစ်ကောင်စီတပ်တွေပစ်သတ်

0 29
0 29

အောင်စိုးကျော်ကြီး

ရွှေကျင်၊ မေ ၂၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရွှေကျင်မြို့နယ် အမှတ် ၁ ဒေသမှူးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ရွှေကျင်ဒေသခံတဦးဆီက သိ ရပါတယ်။

မေ ၂၁ ရက်နေ့လယ် ၁ နာရီခန့်က ရွှေကျင်မြို့နယ်၊ ကမ်းနီကျေးရွာအနီးရှိ ရာဘာခြံအနီးမှာ စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး ပစ်သတ်ခံခဲ့ရတာလို့ဆိုပါတယ်။

“ဒေသမှူးနဲ့သူ့ရဲ့ဘတ်စမန်းက ဆိုင်ကယ်တစီးနဲ့ မြို့ကနေလာတာ။ ရာဘာခြံနားအရောက်မှာ စကစတွေနဲ့တိုးတော့ ပစ်ခတ်တာ။ ပြီးတော့ ဓားနဲ့ထိုးကာမျက်နှာကိုစစ်ဖိနပ်နဲ့ကန်တာ။ သူ့နောက်က လာတဲ့ သားမိနှစ်ယောက်ကိုလည်း ပစ်သတ်လိုက်တယ်။ ဒေသမှူးနဲ့က ကျမနဲ့ရင်းနှီးတယ်” လို့ ဖြစ်စဥ်ကို မြင်တွေ့ခဲ့ရတဲ့ ရွှေကျင်ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

သေဆုံးသူတွေဟာ ရွှေကျင်မြို့နယ် KNU အုပ်ချုပ်ရေးအမြဲတမ်းကော်မတီဝင်၊ အမှတ် ၁ ဒေသမှူး အသက် ၅၀ အရွယ် စောအဲစတား၊ ဝိုင်ကျွန်းကျေးရွာက အသက် ၅၄ နှစ်အရွယ် ဦးမင်းအောင်၊ တပင်ချောင်းကျေးရွာက အသက် ၆၂ နှစ်အရွယ်ဒေါ်စန်းဌေးတို့သေဆုံးပြီး သူနဲ့အတူလိုက်ပါလာတဲ့ တပင်ချောင်းကျေးရွာက အသက် ၂၁ နှစ်အရွယ်အောင်ဇေယျာထွန်းမှာဒဏ်ရာရခဲ့တာပါ။

“အဲစတားက ဒေသခံကကားနဲ့ဝါးသွားတင်မှာကို ပွိုင့်သဘောမျိုးနဲ့ဆိုင်ကယ်လေးနဲ့ ဦးမင်းအောင်နဲ့ အတူသွားလိုက်တာ ပစ်သတ်ခံရတာ။ ဒေါ်စန်းဌေးနဲ့ အောင်ဇေယျာထွန်းကတော့ သက်သက် ဆိုင်ကယ်နဲ့လာတာ။ အဲစတားနဲ့ ဦးမင်းအောင်ကိုပစ်ပြီး သူတို့ကိုပါပစ်လိုက်တာ”လို့ KNU ညောင်လေးပင်ခရိုင်ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေက ပြောပါတယ်။

မြေလတ်အသံကရရှိထားတဲ့ ဒေသမှူး ဦးအဲစတားရဲ့ ရုပ်အလောင်းပုံမှာတော့ ခန္ဓာကိုယ်အနှံ့အပြားမှာ ဓားထိုးဒဏ်ရာတွေနဲ့ ဘယ်ဖက်နားထင်မှာ သွေးအများအပြားထွက်နေတာကို တွေ့ရှိရပါတယ်။

အလောင်းတွေကိုတော့ အခင်းဖြစ်တဲ့နေရာမှာပဲ စစ်ကောင်စီတပ်ကထားခဲ့ကာ အဲ့ဒီနေ့ညနေပိုင်းမှာ KNU တပ်ဖွဲ့ဝင်တွေကကောက်ယူပြီးနောက် စောအဲစတားရဲ့ နာရေးကို မေ ၂၂ ရက်မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။